သဘာဝဘေးအန္တရာယ်ကြောင့် မွေတော်ကက္ကူဘုရားရှိ စေတီပေါင်း ၁၀၀၀ ကျော် ပျက်စီး

0
403

ဧပြီလ ၂၂ ရက်နေ့က ရှမ်းပြည်နယ်အတွင်း ကျရောက်ခဲ့တဲ့ သဘာဝဘေးအန္တရာယ်ကြောင့် ရှေးဟောင်းသမိုင်းဝင် မွေတော် ကက္ကူဘုရားရှိ စေတီပေါင်း ၁၀၀၀ ကျော် ပျက်စီးခဲ့တယ်လို့ ရှမ်းပြည်နယ် အစိုးရ အဖွဲ့ သတင်းထုတ်ပြန်လာပါတယ်။

13090208_1576988365964072_112819323_n

အဲ့ဒီသတင်းထုတ်ပြန်ချက်တွေအရ ထီးတော်ယိမ်းယိုင်မှု စေတီ ၁၄၈ ဆူ၊ ထီးတော်မြေခမှု စေတီ ၁၉ ဆူ၊ ခရေသီးအထိပျက်စီးမှု စေတီ ၂၁၃ ဆူ၊ ဖောင်းရစ်အထိ ပျက်စီးမှု ၄၇၂ ဆူ၊ ခေါင်းလောင်းအထိ ပျက်စီးမှု စေတီ ၉၆ ဆူ၊ အက်ကွဲမှုတွေဖြစ်ပေါ်ခဲ့တဲ့ စေတီတော် ၆၆ ဆူ ရှိခဲ့တာပါ။

လက်ရှိ အခြေအနေမှာတော့ ပျက်စီးမှုတွေကြောင့် ဘုရားကို ခေတ္တ ပိတ်ထားရပြီး ဒေသခံတွေနဲ့အတူ တပ်မတော်သား တွေနဲ့ ပြည်သူ့ ရဲတပ်ဖွဲ့တွေက ရှင်းလင်းမှုတွေကို ပြုလုပ်နေတာပါ။

ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဧရိယာ ဒေသတစ်ခုဖြစ်တဲ့ မွေတော် ကက္ကူဘုရားပျက်ဆီးမှုတွေကို ပြန်လည် ပြုပြင်ထိန်းသိမ်းမှုတွေပြုလုပ် နိုင်ဖို့ အကူအညီတွေလိုအပ်နေတယ်လို့လည်း ရှမ်းပြည်နယ် အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)