မြန်မာကို လာမယ့် နိုင်ငံခြားသားတွေကို ဘယ်ပြည်ဝင်ဗီဇာ အမျိုးအစားမဆို ထုတ်ပေးမှာ မဟုတ်

0
190

ကမ္ဘာ့နိုင်ငံ အသီးသီးကနေ မြန်မာနိုင်ငံကို လာရောက်မယ့် နိုင်ငံခြားသားတွေအတွက် ဘယ် ပြည်ဝင်ဗီဇာ အမျိုးအစားကိုမဆို ထုတ်ပေးဖို့ ယာယီ ရပ်ဆိုင်းထားမယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာနက ကြေညာလိုက်ပါတယ်။

COVID-19 ကူးစက်ရောဂါ ပြန်ပွားမှုကို ကာကွယ်ထိန်းချုပ်တဲ့ အစီအမံတွေ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေး ရှေးရှုပြီးတော့ မြန်မာနိုင်ငံဆိုင်ရာ သံတမန်တွေ၊ မြန်မာနိုင်ငံ အခြေစိုက် ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းက ဝန်ထမ်းတွေ၊ မြန်မာနိုင်ငံနဲ့ အပြန်အလှန် ပြေးဆွဲနေတဲ့ လေယာဉ်နဲ့ သင်္ဘောတွေက တာဝန်ရှိသူတွေကလွဲပြီး လူမှုရေးဗီဇာအပါအဝင် ဘယ်ပြည်ဝင်ဗီဇာကိုမှ ထုတ်ပေးမှာ မဟုတ်ဘူးလို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အာဆီယံနိုင်ငံတွေ အပါအဝင် ပြည်ဝင်ခွင့် ဗီဇာ ခွင့်ပြုထားတဲ့ နိုင်ငံတွေကိုလည်း ဗီဇာကင်းလွတ်ခွင့် ယာယီရပ်ဆိုင်းမှာပါ။ ဗီဇာ လျှောက်ထားနိုင်သူတွေ အနေနဲ့လည်း လေယာဉ်ပေါ် မတက်မီ အသိအမှတ်ပြု ဓာတ်ခွဲခန်းက လွန်ခဲ့တဲ့ ၇၂ နာရီမတိုင်မီ ရထားတဲ့ COVID-19 ရောဂါ ကင်းရှင်းကြောင်း ဆေးစစ်ချက် အထောက်အထား ပြဖို့ လိုအပ်မှာ ဖြစ်ပြီး မြန်မာနိုင်ငံကို ရောက်ရှိလာရင် နေအိမ်မှာ ၁၄ ရက် သီးသန့် နေထိုင် စောင့်ကြည့်မှု ခံရမှာ ဖြစ်ပါတယ်။

>>>>>>>>>>>>>>>>>>>>>>>>>>>>>

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)