YBS စီးနင်းရာမှာ ကားကြပ်မှုက အဓိက အခက်အခဲ ဖြစ်ကြောင်း တိုင်ကြားမှု အများဆုံးဖြစ်

0
271

ပြင်ပေးပါအဖွဲ့က ဖန်တီးထုတ်လုပ်ထားတဲ့ YBS Report App ရဲ့ ၃ လအတွင်းရလဒ်မှာ ကားကြပ်မှုက တိုင်ကြားမှုအများဆုံး ဖြစ်နေတာပါ။

နည်းပညာရှင်တွေ ၊ wed site developer တွေနဲ့ ကျောင်းသားတွေပါဝင်တဲ့ ပြင်ပေးပါအဖွဲ့က ထုတ်လုပ်ထားတဲ့ အဲ့ဒီ Ph app ကနေ YBS စီးနင်းရာမှာ အဆင်မပြေမှုတွေကို တိုင်ကြားပေးပို့နိုင်တာဖြစ်ပါတယ်။

အဲ့ဒီ စစ်တမ်းကောက်ယူမှုမှာ ကားကြပ်လို့ တိုးဝှေ့ စီးနင်းရတာကို လူတွေက တိုင်ကြားမှုအများဆုံးဖြစ်ပြီး ခရီးစဉ်အစအဆုံးမပြေးဆွဲတာနဲ့ ၊ မှတ်တိုင်အပြည့် မရပ်နားပေးတာတွေက ဒုတိယ တိုင်ကြားမှုအများဆုံးအဖြစ်ရပ်တည်နေပါတယ်။

အဲ့ဒီ app ကို အသုံးပြုသူ ဦးရေ ၅၀၀၀ ၀န်းကျင်ရှိနေပြီး ကားကြပ်မှုအတွက် လူဦးရေ ၁ ထောင်ကျော် က တိုင်ကြားခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)