ရှားပါး အင်ဒိုချိုင်းနား ကျားမျိုးစိတ် ထိုင်းတောနက်ထဲမှာ တွေ့ရှိ

0
356

ကမ္ဘာပေါ်မှာ မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံမှာပဲ ကျန်ရှိတဲ့ အင်ဒိုချိုင်းနား ကျားမျိုးစိတ်ဝင် ၆ ကောင်ကို ထိုင်းတောနက်ထဲမှာ တွေ့ရှိခဲ့ကြပါတယ်။

ကမ္ဘာပေါ်မှာ ဒုတိယမြောက် မျိုးသုဉ်းတော့မယ့် နို့တိုက်သတ္တဝါ မျိုးစိတ်ဝင် အင်ဒိုချိုင်းနား ကျားတွေဟာ စုစုပေါင်းမှ ၂၂၁ ကောင်သာ ကျန်ရှိပါတယ်။

အင်ဒိုချိုင်းနား ကျားပေါက်ကလေးတွေနဲ့ သူတို့ရဲ့ အမေကို တောနက်ထဲမှာ တပ်ဆင်ထားတဲ့ ကင်မရာကနေ မှတ်တမ်းတင် တွေ့ရှိခဲ့ကြတာပါ။

ဒီ ရှားပါး ကျားမျိုးစိတ်တွေဟာ အမဲလိုက်ခံရခြင်းနဲ့ စားကျက်မြေ ဆုံးရှုံးခြင်းတို့ကြောင့် မျိုးသုဉ်းလုနီးပါး ဖြစ်ခဲ့ရတာလို့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့တွေက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)