NCA ဟာ နိုင်ငံရေး ဆွေးနွေးမှုနဲ့ အခြေခံဥပဒေ ပြင်ဆင်ရေးကို အာမခံထားတယ်လို့ ဒေါ်အောင်ဆန်းစုကြည် ပြော

0
258

တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု သဘောတူစာချုပ် (NCA) ဟာ နိုင်ငံရေး ဆွေးနွေးမှု၊ အပစ်ရပ် စောင့်ကြည့်မှုနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကိုပါ အာမခံချက် ရှိတာကို လေ့လာတွေ့ရှိရတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။

ကချင်ပြည်နယ် မြစ်ကြီးနားကို မတ်လ ၂၈ ရက်နေ့က သွားရောက်ခဲ့ပြီး ကချင်လူထု အဖွဲ့အစည်း ခေါင်းဆောင်တွေနဲ့ တွေ့ဆုံစဉ် ပြောကြားခဲ့တာပါ။

NCA ဆွေးနွေးစဉ်က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မပါဝင်ပေမယ့် အစိုးရ ဖြစ်လာပြီးတဲ့နောက် တာဝန်ယူမှု ရှိပါတယ်လို့လည်း သူမက ပြောပါတယ်။

NCA ကို အားလုံး လက်မှတ်ထိုးကြဖို့နဲ့ NCA နဲ့ ၂၁ ရာစု ပင်လုံညီလာခံဟာ တိုင်းပြည်နဲ့ လူထု မနာတဲ့ လမ်းကြောင်း ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)