အာဆီယံ တရားသူကြီးချုပ်များ ကောင်စီ အတွင်းရေးမှူးရုံး တည်ထောင်မယ်

0
516

အာဆီယံ တရားသူကြီးချုပ်များ ကောင်စီ အတွင်းရေးမှူးရုံး တည်ထောင်ဖို့နဲ့ ရှေ့လုပ်ငန်းစဉ်များ လေ့လာရေးအဖွဲ့ (Study Group) တည်ထောင်ဖို့ အာဆီယံ အဖွဲ့ဝင် နိုင်ငံက တရားသူကြီးချုပ်တွေက သဘောတူလိုက်ကြပါတယ်။

ဘရုနိုင်း ဒါရုဆလမ်နိုင်ငံ၊ ဘန်ဒါဆရီဘီဂါဝမ်မြို့မှာ မတ်လ ၂၄ ရက်နေ့က ကျင်းပတဲ့ ၅ ကြိမ်မြောက် အာဆီယံ တရားသူကြီးချုပ်များ ကောင်စီ အစည်းအဝေးက အဲဒီလို သဘောတူလိုက်တာပါ။

အဲဒီ ကောင်စီ အစည်းအဝေးကို မြန်မာနိုင်ငံက ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦး တက်ရောက်ပါတယ်။ Internet Portal တည်ထောင်ရေး၊ တရားသူကြီးနဲ့ တရားရေးအရာရှိတွေကို လေ့ကျင့်သင်ကြားပေးရေး၊ အာဆီယံဒေသတွင်း တရားမမူခင်းတွေ ဆင့်စာဆင့်ဆိုမှု လွယ်ကူဖို့ နည်းလမ်းရေးဆွဲရေး စာတာတွေ ဆွေးနွေးခဲ့ကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)