MCN နေ့စဉ် ရုပ်သံသတင်းအစီအစဉ် ၂၀၁၆ခုနှစ်၊ မတ်လ (၂၉) ရက် အင်္ဂါနေ့

0
384

MCN သတင်းဌာနရဲ့ နေ့စဉ် ရုပ်သံအစီအစဉ်က ကြိုဆိုပါတယ်။ ဒီကနေ့ မြန်မာ သက္ကရာဇ် ၁၃၇၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် (၆) ရက်၊ ခရစ်သက္ကရာဇ် ၂၀၁၆ ခုနှစ်၊ မတ်လ (၂၉) အင်္ဂါနေ့ ညနေ (၆) နာရီအထိ နောက်ဆုံး ရရှိထားတဲ့ သတင်းတွေကို တင်ဆက် ပေးသွားမှာဖြစ်ပါတယ်။ ဒီကနေ့မှာ ရှုစားကြရမယ့် သတင်းတွေမှာဆိုရင်တော့

၁။ အစိုးရသစ်နဲ့ ပူးပေါင်းဆောင်ရွက်ပြီး နိုင်ငံရေးဆွေးနွေးမယ်လို့ တိုင်းရင်းသား
လက်နက်ကိုင်အဖွဲ့အစည်း ၇ ခုက ထုတ်ပြန်ကြေညာလိုက်တဲ့သတင်း

၂။ ရန်ကုန်မြို့မှာ အကောင်အထည်ဖော်မယ့် အသေးစားပုဂ္ဂလိက စက်မှုဥယျာဉ်စီမံကိန်း
အတွက် တင်ဒါစိစစ်မှုအပေါ် အငြင်းပွားမှုဖြစ်ပေါ်နေတဲ့အကြောင်း

၃။ အစိုးရအဖွဲ့ဝင် ဒါမှမဟုတ် အကြံအပေးအဖွဲ့ဝင်အဖြစ် ဒေါ်အောင်ဆန်းစုကြည်ရဲ့
ကမ်းလှမ်းချက်ကို ငြင်းပယ်လိုက်တယ်လို့ စီးပွားရေးလုပ်ငန်းရှင် ဇေကမ္ဘာဦးခင်ရွှေက
ပြောဆိုလိုက်တဲ့သတင်း
စတဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)