ဦးရဲထွဋ်က ဒေါက်တာဖေမြင့်အနေနဲ့ မီဒီယာတွေ အရည်အသွေးမြင့်မားအောင် ဆောင်ရွက်နိုင်မယ်လို့ ယုံကြည်

0
283

NLD အစိုးရရဲ့ ပြန်ကြားရေးဝန်ကြီးဖြစ်လာတဲ့ ဒေါက်တာဖေမြင့်အနေနဲ့ နိုင်ငံပိုင် မီဒီယာတွေ ပိုမိုအရည်အသွေးမြင့်မားအောင် ဆောင်ရွက်ပေးနိုင်မယ်လို့ ယုံကြည်ကြောင်း လက်ရှိအစိုးရရဲ့ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ပြောကြားလိုက်ပါတယ်။ မတ်လ ၂၈ ရက်နေ့ မနက်ပိုင်းက ၀န်ကြီး အာဏာလွှဲပြောင်း ရယူမယ့် ဒေါက်တာဖေမြင့်ကို လက်ရှိ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ အခြေအနေတွေကို ရှင်းလင်းပြောကြားရာမှာ ဦးရဲထွဋ်က အဲ့ဒီလိုပြောကြားခဲ့တဲ့အကြောင်း သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ဖော်ပြထားတာပါ။ အဲ့ဒီလို ရှင်းလင်းတင်ပြရာမှာတော့ လက်ရှိ ပြန်ကြားရေးဝန်ကြီးဌာနက အမြဲတမ်း အတွင်းဝန်နဲ့အတူ ညွှန်ကြားရေးမှူးချုပ်နဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ်တွေအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ပုဂ္ဂိုလ် တွေက ဌာနတစ်ခုချင်းအလိုက် ဆောင်ရွက်နေမှုတွေကို ရှင်းလင်းတင်ပြခဲ့ကြတာဖြစ်ပါတယ်။

MCN နေ့စဉ် ရုပ်သံသတင်းအစီအစဉ် ၂၀၁၆ခုနှစ်၊ မတ်လ (၂၈) ရက် တနင်္လာနေ့

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)