ရခိုင်အမျိုးသားပါတီက အတိုက်အခံ တိုင်းရင်းသားနိုင်ငံရေးပါတီအဖြစ် ရပ်တည်မယ်လို့ ကြေညာ

0
317

အတိုက်အခံ တိုင်းရင်းသားနိုင်ငံရေးပါတီအဖြစ် ရပ်တည်မယ်လို့ လူသိရှင်ကြား ထုတ်ဖော် ကြေညာထားတဲ့ ရခိုင်အမျိုးသားပါတီပါတီက လွှတ်တော်ကိုယ်စားလှယ်တွေ လွှတ်တော်အစည်းအဝေးကနေ ထွက်ပြီး သပိတ်မှောက်ခဲ့ကြပါတယ်။ မတ်လ ၂၈ ရက်နေ့ ရခိုင်ပြည်နယ် လွှတ်တော် အစည်းအဝေးမှာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ရာထူးအတွက် NLD ပါတီက ဦးညီပုကို ရွေးကောက်ခံ သမ္မတ ဦးထင်ကျော်က ခန့်အပ်ခဲ့လို့ ရခိုင်အမျိုးသားပါတီပါတီက လွှတ်တော်ကိုယ်စားလှယ်တွေ ဆန္ဒထုတ်ဖော်တဲ့ အနေနဲ့ အဲ့ဒီလို သပိတ်မှောက်ခဲ့ကြတာပါ။ ၂၀၁၅ ရွေးကောက်ပွဲ ရခိုင်အမျိုးသားပါတီပါတီက ပြည်နယ်လွှတ်တော်အတွက် ၂၃ နေရာမှာ အနိုင်ရခဲ့ပြီး ဒီအပေါ်ကို ပြည်နယ်အစိုးရအဖွဲ့ ဦးဆောင်ဖွဲ့စည်းနိုင်ရေး NLD ပါတီကို တောင်းဆိုခဲ့တာပါ။ ဖွဲ့စည်းပုံအခြေခံဥပဒေအရကတော့ ရွေးကောက်တင် မြှောက်ခံ သမ္မတက ပြည်နယ်နဲ့ တိုင်းဒေသကြီး ၀န်ကြီးချုပ်တွေကို ခန့်အပ်ခွင့် ရှိနေတာဖြစ်ပါတယ်။

MCN နေ့စဉ် ရုပ်သံသတင်းအစီအစဉ် ၂၀၁၆ခုနှစ်၊ မတ်လ (၂၈) ရက် တနင်္လာနေ့

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)