NLD ပါတီက လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ပြည်သူတွေစိတ်ပျက်အောင် မလုပ်ဖို့ဒေါ်အောင်ဆန်းစုကြည်က မှာကြား

0
313

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ပြည်သူတွေကို စိတ်ပျက်အောင် မလုပ်ဖို့ဒေါ်အောင်ဆန်းစုကြည်က မှာကြားလိုက်ပါတယ်။ မတ်လ ၂၈ ရက်နေ့က နေပြည်တော် လွှတ်တော်ဝင်းအတွင်းရှိ ဇမ္ဗူသီရိခန်းမဆောင်မှာ ပါတီဝင် လွှတ်တော်ကိုယ်စားလှယ်တွေကို တွေ့ဆုံနှုတ်ဆက် စကားပြောကြားစဉ် ဒေါ်အောင်ဆန်းစုကြည်က အဲ့ဒီလိုပြောကြားလိုက်တာပါ။ ဒါအပြင် နှစ်ပေါင်း ၂၀ ကျော် ဆင်းရဲတဲ့ဒဏ်ကို ခံနိုင်ခဲ့သလို အခု ချမ်းသာတဲ့ဒဏ်ကိုလည်း ခံနိုင်ဖို့လိုတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က မှာကြားခဲ့တာပါ။ မကြာခင်ပေါ်ပေါက်လာဖို့ ရှိနေတဲ့ အစိုးရအဖွဲ့မှာ ပြည်ထောင်စု ၀န်ကြီးတာဝန်တွေကို ထမ်းဆောင်ဖို့ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက်တင်မြှောက်ခံ လွှတ်တော်ကိုယ်စားလှယ် အဖြစ်ကနှုတ်ထွက်ပေးရမှာဖြစ်ပြီး ပါတီရဲ့ လုပ်ငန်းတာဝန်တွေနဲ့ပါ ကင်းရှင်းအောင် နေထိုင်ရမှာလည်းဖြစ်ပါတယ်။

MCN နေ့စဉ် ရုပ်သံသတင်းအစီအစဉ် ၂၀၁၆ခုနှစ်၊ မတ်လ (၂၈) ရက် တနင်္လာနေ့

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)