
0
2069





>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဆဋ္ဌမအကြိမ် အမျိုးသားသတင်းဆုပေးပွဲ ကျင်းပမယ်

မြန်မာနိုင်ငံ သတင်းစာဆရာအသင်း (MJA) က ချီးမြှင့်မယ့် ဆဋ္ဌမအကြိမ် အမျိုးသားသတင်းဆုပေးပွဲကို မေလ ၃ ရက်နေ့မှာ ကျင်းပမှာ ဖြစ်ပါတယ်။

အမျိုးသားသတင်းဆု ကျင်းပရေးကော်မတီက သတင်းသူရဲကောင်းဆု၊ အကောင်းဆုံး သတင်းဆောင်းပါးဆု၊ အကောင်းဆုံးသတင်းဓာတ်ပုံဆု၊ အကောင်းဆုံးသတင်းကာတွန်းဆု၊ အကောင်းဆုံး ရုပ်/သံ သတင်းဆု၊ အကောင်းဆုံး အယ်ဒီတာဆုတွေကို ရွေးချယ် ဆုချီးမြှင့်မှာ ဖြစ်ပါတယ်။

သတင်းဌာန၊ ဒါမှမဟုတ် မိမိကိုယ်တိုင်၊ ဒါမှမဟုတ် မိမိသဘောကျ နှစ်ခြိုက်သူရဲ့ သတင်း၊ သတင်းဆောင်းပါး၊ ကာတွန်း၊ ဓာတ်ပုံ ၃ ခုကို မတ်လ ၂၀ ရက်နေ့ နောက်ဆုံးထား ပေးပို့ရမှာ ဖြစ်ပါတယ်။

သတင်း၊ သတင်းဆောင်းပါး၊ ကာတွန်း၊ သတင်းဓာတ်ပုံတွေဟာ ၂၀၁၇ ခုနှစ် ဧပြီ ၁ ကနေ ဒီဇင်ဘာ ၃၁ အတွင်း ဖော်ပြခဲ့တာတွေ ဖြစ်ရမှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)