၂၂ ပါးေျမာက္ တိပိဋကဓရ အာဂံုေဆာင္ ဆရာေတာ္တစ္ပါး ေပၚထြန္း

0
2145

အႀကိမ္ ၇၀ ေျမာက္ တိပိဋကဓရ၊ တိပိဋကေကာဝိဒ ေရြးခ်ယ္ေရးစာေမးပြဲမွာ ၂၂ ပါးေျမာက္ တိပိဋကဓရ၊ ပိဋကသံုးပံု အာဂံုေဆာင္ ဆရာေတာ္တစ္ပါး ေပၚထြန္းလာပါတယ္။

သက္ေတာ္ ၂၈ ႏွစ္ ဝါေတာ္ ၁၇ ဝါ ရွိတဲ့ အရွင္ ေသ႒ဥာဏလကၤာရ ျဖစ္ၿပီး စစ္ကိုင္းတိုင္း၊ ေရဦးၿမိဳ႕နယ္၊ ရြာဗုႀကီးရြာမွ ခမည္းေတာ္ ဦးတင္ေစာ၊ မယ္ေတာ္ ေဒၚအံုးခတို႔ကေန ဖြားျမင္ခဲ့ပါတယ္။ အရွင္ ေသ႒ဥာဏလကၤာရဟာ သာမေဏေက်ာ္ဘြဲ႔မ်ားနဲ႔ သာသနဓဇဓမၼာစရိယဘြဲ႔ကို ရန္ကုန္တိုင္းမွာ ပထမ၊ တစ္ႏိုင္ငံလံုးမွာ ဒုတိယ ရရွိေတာ္မူခဲ့ပါတယ္။ ဒါ့အျပင္ တျခား စာေမးပြဲေပါင္းမ်ားစြာကိုလည္း ေျဖဆို ေအာင္ျမင္ေတာ္မူထားပါတယ္။

တိပိဋကဓရ၊ တိပိဋကေကာဝိဒ ေရြးခ်ယ္ေရးစာေမးပြဲကို ၂၀၁၇ ခုႏွစ္ ဒီဇင္ဘာ ၂၆ ရက္ကေန ဇန္နဝါရီ ၂၇ ရက္ေန႔အထိ ၃၃ ရက္တိုင္တိုင္ ရန္ကုန္ၿမိဳ႕ ကမာၻေအးကုန္းေျမ ဆ႒သဂၤါယနာတင္ မဟာပါသဏလိုဏ္ဂူ သိမ္ေတာ္ႀကီးမွာ က်င္းပခဲ့တာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

၂၂ ပါးမြောက် တိပိဋကဓရ အာဂုံဆောင် ဆရာတော်တစ်ပါး ပေါ်ထွန်း

အကြိမ် ၇၀ မြောက် တိပိဋကဓရ၊ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲမှာ ၂၂ ပါးမြောက် တိပိဋကဓရ၊ ပိဋကသုံးပုံ အာဂုံဆောင် ဆရာတော်တစ်ပါး ပေါ်ထွန်းလာပါတယ်။

သက်တော် ၂၈ နှစ် ဝါတော် ၁၇ ဝါ ရှိတဲ့ အရှင် သေဋ္ဌဉာဏလင်္ကာရ ဖြစ်ပြီး စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ရွာဗုကြီးရွာမှ ခမည်းတော် ဦးတင်စော၊ မယ်တော် ဒေါ်အုံးခတို့ကနေ ဖွားမြင်ခဲ့ပါတယ်။ အရှင် သေဋ္ဌဉာဏလင်္ကာရဟာ သာမဏေကျော်ဘွဲ့များနဲ့ သာသနဓဇဓမ္မာစရိယဘွဲ့ကို ရန်ကုန်တိုင်းမှာ ပထမ၊ တစ်နိုင်ငံလုံးမှာ ဒုတိယ ရရှိတော်မူခဲ့ပါတယ်။ ဒါ့အပြင် တခြား စာမေးပွဲပေါင်းများစွာကိုလည်း ဖြေဆို အောင်မြင်တော်မူထားပါတယ်။

တိပိဋကဓရ၊ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်ကနေ ဇန်နဝါရီ ၂၇ ရက်နေ့အထိ ၃၃ ရက်တိုင်တိုင် ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေ ဆဋ္ဌသင်္ဂါယနာတင် မဟာပါသဏလိုဏ်ဂူ သိမ်တော်ကြီးမှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)