ခိုးဆိုးလုႏိႈက္နဲ႔ လူသတ္မႈ၊ မုဒိမ္းမႈ က်ဴးလြန္သူေတြကို လြတ္ၿငိမ္းခ်မ္းသာခြင့္ မေပးဖို႔ ေတာင္းဆို

0
2122

အမ်ိဳးသားဒီမိုကေရစီ အဖြဲ႔ခ်ဳပ္ အစိုးရအေနနဲ႔ ခိုးဆိုးလုႏိႈက္မႈ၊ လူသတ္မႈ၊ မုဒိမ္းမႈ က်ဴးလြန္သူေတြကို လြတ္ၿငိမ္းခ်မ္းသာခြင့္ ေပးတဲ့အထဲ မထည့္ဖို႔ 4 Women’s Voice အဖြဲ႔က ေတာင္းဆိုလိုက္ပါတယ္။

ဒီေန႔ ဇန္နဝါရီ ၂၉ ရက္ေန႔ ညေနက ရန္ကုန္ၿမိဳ႕၊ ကမာရြတ္ၿမိဳ႕နယ္၊ ကြ်န္းေတာလမ္းအနီး Junction Square မွာ က်င္းပတဲ့ သက္ငယ္မုဒိမ္းမႈနဲ႔ လူသတ္၊ မုဒိမ္းမႈ က်ဴးလြန္သူေတြကို ေသဒဏ္ေပးေရး လူထု လက္မွတ္ထိုး လႈပ္ရွားမႈပြဲမွာ ဦးေဆာင္သူတစ္ဦးျဖစ္တဲ့ မလီလီႏိုင္ေက်ာ္က ေတာင္းဆိုခဲ့တာ ျဖစ္ပါတယ္။

မုဒိမ္းမႈ က်ဴးလြန္သူေတြကို ေသဒဏ္ေပးေရး ဥပေဒျပဌာန္းႏိုင္ဖို႔ တစ္ႏိုင္ငံလံုးအတိုင္းအတာနဲ႔ လူထုလက္မွတ္ ၃ သိန္း အထိရရွိေအာင္ ေကာက္ခံဖို႔ရွိပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ခိုးဆိုးလုနှိုက်နဲ့ လူသတ်မှု၊ မုဒိမ်းမှု ကျူးလွန်သူတွေကို လွတ်ငြိမ်းချမ်းသာခွင့် မပေးဖို့ တောင်းဆို

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရအနေနဲ့ ခိုးဆိုးလုနှိုက်မှု၊ လူသတ်မှု၊ မုဒိမ်းမှု ကျူးလွန်သူတွေကို လွတ်ငြိမ်းချမ်းသာခွင့် ပေးတဲ့အထဲ မထည့်ဖို့ 4 Women’s Voice အဖွဲ့က တောင်းဆိုလိုက်ပါတယ်။

ဒီနေ့ ဇန်နဝါရီ ၂၉ ရက်နေ့ ညနေက ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ ကျွန်းတောလမ်းအနီး Junction Square မှာ ကျင်းပတဲ့ သက်ငယ်မုဒိမ်းမှုနဲ့ လူသတ်၊ မုဒိမ်းမှု ကျူးလွန်သူတွေကို သေဒဏ်ပေးရေး လူထု လက်မှတ်ထိုး လှုပ်ရှားမှုပွဲမှာ ဦးဆောင်သူတစ်ဦးဖြစ်တဲ့ မလီလီနိုင်ကျော်က တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

မုဒိမ်းမှု ကျူးလွန်သူတွေကို သေဒဏ်ပေးရေး ဥပဒေပြဌာန်းနိုင်ဖို့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လူထုလက်မှတ် ၃ သိန်း အထိရရှိအောင် ကောက်ခံဖို့ရှိပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)