ကန္ေတာ္ႀကီးပဲေလ့စ္ ဟိုတယ္ မီးေလာင္မႈမွာ ဒဏ္ရာရခဲ့သူ မီးသတ္ဦးစီးမွဴး ကြယ္လြန္

0
2016

ရန္ကုန္တိုင္း၊ မဂၤလာေတာင္ညြန္႔ၿမိဳ႕နယ္၊ ကန္ေတာ္ႀကီးပဲေလ့စ္ ဟိုတယ္ မီးေလာင္ရာမွာ မီးၿငိွမ္းသတ္ရင္း ဒဏ္ရာရရွိခဲ့တဲ့ မီးသတ္ဦးစီးမွဴး ေက်ာ္စြာလင္း (၃၄ ႏွစ္) ဟာ မေန႔က ဇန္နဝါရီ ၂၈ ေန႔မွာ ကြယ္လြန္သြားပါတယ္။

မႏွစ္က ေအာက္တိုဘာ ၁၉ ရက္ေန႔ မနက္ ၃ နာရီခြဲက ကန္ေတာ္ႀကီး ပဲေလ့စ္ဟိုတယ္ မီးေလာင္မႈမွာ ဂ်ပန္ႏိုင္ငံသား တစ္ဦးအပါအဝင္ ႏွစ္ဦးေသဆံုးၿပီး တ႐ုတ္ႏိုင္ငံသူ တစ္ဦးနဲ႔ မီးသတ္ဦးစီးမွဴး ေက်ာ္စြာလင္းတို႔ ထိခိုက္ဒဏ္ရာ ရရွိခဲ့ပါတယ္။

မီးၿငိွမ္းသတ္စဥ္ သစ္သားတန္းျပဳတ္က်ၿပီး မီးသတ္ဦးစီးမႉး ေက်ာ္စြာလင္းဟာ ဦးေခါင္းမွာ ဒဏ္ရာရရွိကာ မကားေမးမရ ျဖစ္ခဲ့ၿပီး ရန္ကုန္ ျပည္သူ႔ေဆး႐ံုႀကီးကို ပို႔ေဆာင္ေဆးကုသေနရာက ေသဆံုးသြားခဲ့တာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ကန်တော်ကြီးပဲလေ့စ် ဟိုတယ် မီးလောင်မှုမှာ ဒဏ်ရာရခဲ့သူ မီးသတ်ဦးစီးမှူး ကွယ်လွန်

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်တော်ကြီးပဲလေ့စ် ဟိုတယ် မီးလောင်ရာမှာ မီးငြှိမ်းသတ်ရင်း ဒဏ်ရာရရှိခဲ့တဲ့ မီးသတ်ဦးစီးမှူး ကျော်စွာလင်း (၃၄ နှစ်) ဟာ မနေ့က ဇန်နဝါရီ ၂၈ နေ့မှာ ကွယ်လွန်သွားပါတယ်။

မနှစ်က အောက်တိုဘာ ၁၉ ရက်နေ့ မနက် ၃ နာရီခွဲက ကန်တော်ကြီး ပဲလေ့စ်ဟိုတယ် မီးလောင်မှုမှာ ဂျပန်နိုင်ငံသား တစ်ဦးအပါအဝင် နှစ်ဦးသေဆုံးပြီး တရုတ်နိုင်ငံသူ တစ်ဦးနဲ့ မီးသတ်ဦးစီးမှူး ကျော်စွာလင်းတို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

မီးငြှိမ်းသတ်စဉ် သစ်သားတန်းပြုတ်ကျပြီး မီးသတ်ဦးစီးမှူး ကျော်စွာလင်းဟာ ဦးခေါင်းမှာ ဒဏ်ရာရရှိကာ မကားမေးမရ ဖြစ်ခဲ့ပြီး ရန်ကုန် ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ဆေးကုသနေရာက သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)