တြံေတးမွာ ၁ ေသာင္းတန္ ေငြစကၠဴအတု အရြက္ ၁၀၀ ေက်ာ္ ဖမ္းမိ

0
2046

ရန္ကုန္တိုင္း၊ တြံေတးၿမိဳ႕နယ္မွာ မေန႔က ဇန္နဝါရီ ၂၈ ရက္က ၁ ေသာင္းတန္ ေငြစကၠဴအတု အရြက္ ၁၀၇ ရြက္ ဖမ္းဆီးရမိခဲ့ပါတယ္။

ေျမာင္းတလုပ္ေက်းရြာရွိ ဦးေထြးရဲ႕ နာေရးအိမ္မွာ ေဇာ္ေဇာ္ဟိန္း (ခ) ကိုေဇာ္ (၂၈ ႏွစ္) ကို သတင္းအရ ခတၱိယ ရဲကင္းက တပ္ဖြဲ႔ဝင္ေတြ စစ္ေဆးရာ လြယ္အိတ္ထဲကေန ၁ ေသာင္းတန္ ေငြစကၠဴအတု ၁၀၇ ရြက္ သိမ္းဆည္းရမိတာ ျဖစ္ပါတယ္။

မႈခင္းရဲတပ္ဖြဲ႔က စစ္ေဆးရာမွာ စကၠဴက ႏိုင္ငံျခားစကၠဴ အမ်ိဳးအစား ျဖစ္ၿပီး အစစ္ထက္ အလ်ားနဲ႔ အနံ ၁ မီလီမီတာစီ တိုတာ၊ အေရာင္မွိန္တာ၊ ေရစာ ပံုရိပ္သာ ပါရွိတာ၊ လွ်ိဳ႕ဝွက္ခ်က္ေတြ မပါတာကို ေတြ႔ရွိခဲ့ၿပီး ေငြစကၠဴ အတု ဝင္ေရာက္လာရာ လမ္းေၾကာင္းကို စိစစ္ေနပါတယ္။ ေဇာ္ေဇာ္ဟိန္းကို ခေလာက္ခ်ိဳက္ နယ္ေျမ ရဲစခန္းမွာ အမႈဖြင့္ စစ္ေဆးေနပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တွံတေးမှာ ၁ သောင်းတန် ငွေစက္ကူအတု အရွက် ၁၀ဝ ကျော် ဖမ်းမိ

ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်မှာ မနေ့က ဇန်နဝါရီ ၂၈ ရက်က ၁ သောင်းတန် ငွေစက္ကူအတု အရွက် ၁၀၇ ရွက် ဖမ်းဆီးရမိခဲ့ပါတယ်။

မြောင်းတလုပ်ကျေးရွာရှိ ဦးထွေးရဲ့ နာရေးအိမ်မှာ ဇော်ဇော်ဟိန်း (ခ) ကိုဇော် (၂၈ နှစ်) ကို သတင်းအရ ခတ္တိယ ရဲကင်းက တပ်ဖွဲ့ဝင်တွေ စစ်ဆေးရာ လွယ်အိတ်ထဲကနေ ၁ သောင်းတန် ငွေစက္ကူအတု ၁၀၇ ရွက် သိမ်းဆည်းရမိတာ ဖြစ်ပါတယ်။

မှုခင်းရဲတပ်ဖွဲ့က စစ်ဆေးရာမှာ စက္ကူက နိုင်ငံခြားစက္ကူ အမျိုးအစား ဖြစ်ပြီး အစစ်ထက် အလျားနဲ့ အနံ ၁ မီလီမီတာစီ တိုတာ၊ အရောင်မှိန်တာ၊ ရေစာ ပုံရိပ်သာ ပါရှိတာ၊ လျှို့ဝှက်ချက်တွေ မပါတာကို တွေ့ရှိခဲ့ပြီး ငွေစက္ကူ အတု ဝင်ရောက်လာရာ လမ်းကြောင်းကို စိစစ်နေပါတယ်။ ဇော်ဇော်ဟိန်းကို ခလောက်ချိုက် နယ်မြေ ရဲစခန်းမှာ အမှုဖွင့် စစ်ဆေးနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)