ေဒၚေအာင္ဆန္းစုၾကည္သာ ေမွ်ာ္လင့္ခ်က္ ျဖစ္တယ္လို႔ ရစ္ခ်တ္ဆန္ ေျပာ

0
2294

ေဒၚေအာင္ဆန္းစုၾကည္သာ အေျပာင္းအလဲအတြက္ အေကာင္းဆံုး ေမွ်ာ္လင့္ခ်က္ျဖစ္တယ္လို႔ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ကေတာက္ကဆျဖစ္ၿပီး ရခိုင္အႀကံေပး ေကာ္မတီက ႏုတ္ထြက္သြားသူ မစၥတာ ဘီလ္ ရစ္ခ်တ္ဆန္က ေျပာပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ကာလရွည္ၾကာ မိတ္ေဆြ ျဖစ္ခဲ့သူ နယူးမကၠဆီကို ျပည္နယ္အုပ္ခ်ဳပ္ေရးမႉးေဟာင္း မစၥတာ ဘီလ္ ရစ္ခ်တ္ဆန္က အေမရိကန္ အစိုးရအေနနဲ႔ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ေဆြးေႏြးမႈေတြ ဆက္လုပ္သင့္တယ္လို႔လည္း ေျပာဆိုလိုက္ပါတယ္။

အေနာက္ႏိုင္ငံေတြ၊ လူ႔အခြင့္အေရး အုပ္စုေတြ၊ ကုလသမဂၢနဲ႔ ႏိုင္ငံတကာ မီဒီယာေတြနဲ႔ ဆက္ဆံေရးဟာ ဆိုးရြားေနတယ္၊ ေဒၚေအာင္ဆန္းစုၾကည္က အထီးက်န္သလို ျဖစ္ေနတယ္လို႔လည္း မစၥတာ ရစ္ခ်တ္ဆန္က ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဒေါ်အောင်ဆန်းစုကြည်သာ မျှော်လင့်ချက် ဖြစ်တယ်လို့ ရစ်ချတ်ဆန် ပြော

ဒေါ်အောင်ဆန်းစုကြည်သာ အပြောင်းအလဲအတွက် အကောင်းဆုံး မျှော်လင့်ချက်ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကတောက်ကဆဖြစ်ပြီး ရခိုင်အကြံပေး ကော်မတီက နုတ်ထွက်သွားသူ မစ္စတာ ဘီလ် ရစ်ချတ်ဆန်က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ကာလရှည်ကြာ မိတ်ဆွေ ဖြစ်ခဲ့သူ နယူးမက္ကဆီကို ပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်း မစ္စတာ ဘီလ် ရစ်ချတ်ဆန်က အမေရိကန် အစိုးရအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးမှုတွေ ဆက်လုပ်သင့်တယ်လို့လည်း ပြောဆိုလိုက်ပါတယ်။

အနောက်နိုင်ငံတွေ၊ လူ့အခွင့်အရေး အုပ်စုတွေ၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ မီဒီယာတွေနဲ့ ဆက်ဆံရေးဟာ ဆိုးရွားနေတယ်၊ ဒေါ်အောင်ဆန်းစုကြည်က အထီးကျန်သလို ဖြစ်နေတယ်လို့လည်း မစ္စတာ ရစ်ချတ်ဆန်က ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)