
0
2605




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြန်မာအစိုးရကို ဖုံးဖိပေးနေတယ်ဆိုတာ မမှန်ကန်ဘူးလို့ ဒေါက်တာ ဆာသီရာထိုင်း ပြော

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီကနေ ရပ်စဲလိုက်တဲ့ မစ္စတာ ဘီလ် ရစ်ချတ်ဆန် ပြောသလို အကြံပေးအဖွဲ့ဟာ မြန်မာအစိုးရကို ဖုံးဖိပေးနေတာ၊ ကာကွယ်ပေးနေတယ်ဆိုတာ မမှန်ကန်ဘူးလို့ ကော်မတီကို ဦးဆောင်သူတစ်ဦး ဖြစ်တဲ့ ပါမောက္ခ ဒေါက်တာ ဆူရာကီရတ် ဆာသီရာထိုင်းက ပြောပါတယ်။

အာရှ ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေး ကောင်စီ ဥက္ကဋ္ဌ၊ ထိုင်း ဒု ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ ဆာသီရာထိုင်းက ဇန်နဝါရီလ ၂၅ ရက်နေ့မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံစဉ် အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ကျွန်တော်တို့အနေနဲ့ မြန်မာအစိုးရကို ဦးဆောင်လိုတဲ့ ဆန္ဒမရှိသလို နိုင်ငံတကာ အသိုက်အဝန်းကိုလည်း ဦးစီးဦးဆောင်ဖို့ သဘောထာ။ မရှိကြောင်း၊ လွတ်လပ်ပြီး ဘက်လိုက်မှု ကင်းကြောင်းလည်း ဒေါက်တာ ဆာသီရာထိုင်းက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)