အာဆီယံ ERAT အဖြဲ႕ ရခိုင္ျပည္နယ္ကို လာေရာက္ေလ့လာ

0
2094

အာဆီယံ အေရးေပၚ တံု႔ျပန္ေရးႏွင့္ ဆန္းစစ္အကဲျဖတ္ေရးအဖြဲ႔ (ERAT) က အဖြဲ႔ဝင္ သံုးဦးဟာ လူသားခ်င္းစာနာကူညီမႈ လုပ္ငန္းေတြမွာ နည္းပညာဆိုင္ရာ ပံ့ပိုးမႈေတြ ေဆာင္ရြက္ႏိုင္ဖို႔ ရခိုင္ျပည္နယ္ကို လာေရာက္ေလ့လာခဲ့ပါတယ္။

သဘာဝေဘးအႏၱရာယ္ စီမံခန္႔ခြဲမႈႏွင့္ လူသားခ်င္း စာနာကူညီမႈဆိုင္ရာ အာဆီယံ ညွိႏိႈင္းေရးမႉး႐ံုး (AHA) က ရခိုင္ျပည္နယ္က ေနရပ္စြန္႔ခြာသူေတြအတြက္ အေမရိကန္ ေဒၚလာ ၄ သိန္းခြဲ လႉထားၿပီး အဲဒီအကူအညီေတြ ျဖန္႔ခြဲထားမႈကို သိရွိေလ့လာႏိုင္ဖို႔နဲ႔ ထပ္မံ လိုအပ္ႏိုင္တဲ့အကူအညီေတြ အတက္ ညွိႏိႈင္းေါင္းစပ္မႈေတြ ေဆာင္ရြက္ႏိုင္ဖို႔ ဇန္နဝါရီ ၂၇ နဲ႔ ၂၈ ရက္ေတြမွာ ငါးခူရ ျပန္လည္လက္ခံေရးစခန္းနဲ႔ လွဖိုးေခါင္ၾကားစခန္းကို သြားေရာက္ ေလ့လာတာ ျဖစ္ပါတယ္။

အာဆီယံ အေရးေပၚတံု႔ျပန္ေရးႏွင့္ ဆန္းစစ္အကဲျဖတ္ေရးအဖြဲ႔ကို ေစလႊတ္တာဟာ အာဆီယံရဲ႕ စည္းလံုးညီညြတ္မႈကို ထင္ဟပ္ျပသတာျဖစ္တယ္လို႔ အစိုးရက သတင္းထုတ္ျပန္ထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အာဆီယံ ERAT အဖွဲ့ ရခိုင်ပြည်နယ်ကို လာရောက်လေ့လာ

အာဆီယံ အရေးပေါ် တုံ့ပြန်ရေးနှင့် ဆန်းစစ်အကဲဖြတ်ရေးအဖွဲ့ (ERAT) က အဖွဲ့ဝင် သုံးဦးဟာ လူသားချင်းစာနာကူညီမှု လုပ်ငန်းတွေမှာ နည်းပညာဆိုင်ရာ ပံ့ပိုးမှုတွေ ဆောင်ရွက်နိုင်ဖို့ ရခိုင်ပြည်နယ်ကို လာရောက်လေ့လာခဲ့ပါတယ်။

သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုနှင့် လူသားချင်း စာနာကူညီမှုဆိုင်ရာ အာဆီယံ ညှိနှိုင်းရေးမှူးရုံး (AHA) က ရခိုင်ပြည်နယ်က နေရပ်စွန့်ခွာသူတွေအတွက် အမေရိကန် ဒေါ်လာ ၄ သိန်းခွဲ လှူထားပြီး အဲဒီအကူအညီတွေ ဖြန့်ခွဲထားမှုကို သိရှိလေ့လာနိုင်ဖို့နဲ့ ထပ်မံ လိုအပ်နိုင်တဲ့အကူအညီတွေ အတက် ညှိနှိုင်းေါင်းစပ်မှုတွေ ဆောင်ရွက်နိုင်ဖို့ ဇန်နဝါရီ ၂၇ နဲ့ ၂၈ ရက်တွေမှာ ငါးခူရ ပြန်လည်လက်ခံရေးစခန်းနဲ့ လှဖိုးခေါင်ကြားစခန်းကို သွားရောက် လေ့လာတာ ဖြစ်ပါတယ်။

အာဆီယံ အရေးပေါ်တုံ့ပြန်ရေးနှင့် ဆန်းစစ်အကဲဖြတ်ရေးအဖွဲ့ကို စေလွှတ်တာဟာ အာဆီယံရဲ့ စည်းလုံးညီညွတ်မှုကို ထင်ဟပ်ပြသတာဖြစ်တယ်လို့ အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)