တရားဥပဒေရဲ့အကာအကွယ်မဲ့မှုကို ဦးကိုနီကိုယ်တိုင် ခံစားသွားပြီ

0
366

တရားဥပဒေရဲ့အကာအကွယ်မဲ့မှုကို တရားလွှတ်တော် ရှေ့နေကြီး ဦးကိုနီကိုယ်တိုင် ခံစားသွားပြီလို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ဦးမြအေးက ပြောကြားလိုက်ပါတယ်။

ဇန်န၀ါရီလ (၂၉) ရက်နေ့က အများပြည်သူနဲ့ သက်ဆိုင်တဲ့ နေရာတစ်ခုဖြစ်တဲ့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ တရားလွှတ်တော် ရှေ့နေ ဦးကိုနီ သေနက်နဲ့ပစ် သတ်ဖြတ်ခံခဲ့ရတဲ့အပေါ် ဦးမြအေးက ပြောကြားလိုက်တာပါ။

အခင်းဖြစ်ပွားခဲ့တဲ့နေ့ ညနေပိုင်းက ဦးကိုနီရဲ့ ရုပ်အလောင်းကို မြောက်ဥက္ကလာပ ဆေးရုံကြီး ရေခဲတိုက်ကို သယ်ဆောင်လာစဉ် သတင်းမီဒီယာတွေကို ဦးမြအေးက အဲ့ဒီလို ပြောကြားလိုက်တာပါ။

ဒီလိုပြောကြားရာမှာတော့ ဦးမြအေးက ဦးကိုနီဖြစ်ပွားတဲ့ကိစ္စက အကြမ်ဖက်မှုဖြစ်တယ်၊ တရားဥပဒေအရ နိုင်ငံသူ/သားတိုင်းကို ကာကွယ်ပေးဖို့ လိုတယ်လို့ ထင်ပါတယ်လို့ ဆိုတာပါ။

ဒါအပြင် တရားခံကိုလည်း မိထားပြီးဖြစ်တဲ့အတွက် တရားဥပဒေအရ မြန်မြန်ဆန်ဆန် အမှုမှန်ဖော်ထုတ်ပေးပါလို့ပြောချင်တဲ့ အကြောင်းနဲ့ တရားမျှတမှုကိုပဲ လိုချင်တယ်လို့ ဦးမြအေးကပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)