ကျွန်တော်တို့ အားလုံးရဲ့ နားထင်တွေ သေနတ်နဲ့တေ့ခံထားရသလို့ ခံစားရတယ်

0
440

ကျွန်တော်တို့အားလုံးရဲ့ နားထင်တွေ သေနတ်နဲ့ တေ့ခံထားရသလို ခံစားရတယ်လို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် တစ်ဦးဖြစ်တဲ့ ဦးနေဘုန်းလတ်က ပြောကြားလိုက်ပါတယ်။

ဇန်န၀ါရီလ (၂၉) ရက်နေ့က တရားလွှတ်တော် ရှေ့နေ ဦးကိုနီကို အများပြည်သူနဲ့ ဆိုင်တဲ့ နေရာတစ်ခုဖြစ်တဲ့ ရန်ကုန်၊ အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ လုပ်ကြံခံလိုက်ရတဲ့အပေါ် MCN သတင်းဌာနက ဆက်သွယ်မေးမြန်းစဉ် ဦးနေဘုန်းလတ်က အဲ့ဒီလို ပြောကြားလိုက်တာပါ။

ဒါအပြင် အခုလို အကြမ်းဖက်လုပ်ကြံမှု အဖြစ်အပျက်ကြောင့် ဘယ်သူမှ မလုံခြုံတော့ဘူးလို့လည်း ဦးနေဘုန်းလတ်က ပြောပါတယ်။

ဒါအပြင် တရားလွှတ်တော် ရှေ့နေ ဦးကိုနီ အတွက်ရော တိုင်းပြည်အတွက်ပါ စိတ်မကောင်းခြင်းကြီးစွာဖြစ်မိတယ်လို့လည်း ဦးနေဘုန်းလတ်က ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)