ဦးကိုနီ လုပ်ကြံမှု ဘာသာရေး ပဋိပက္ခအသွင် ပုံဖော် မခံရအောင် ကာကွယ်ကြဖို့ ဦးရဲထွဋ်တိုက်တွန်း

0
446

တရားလွှတ်တော် ရှေ့နေ ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံလိုက်ရတဲ့ တိုက်ခိုက်မှုကို ဘာသာရေး ပဋိပက္ခအသွင် ပုံဖော် မခံရဖို့ ၀ိုင်းဝန်းကာကွယ်ကြဖို့လိုလိမ့်မယ်လို့ ပြန်ကြားရေး ၀န်ကြီးဟောင် ဦးရဲထွဋ်က ပြောကြားလိုက်ပါတယ်။

ဇန်န၀ါရီလ (၂၉) ရက်နေ့ ညနေပိုင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ တရားလွှတ်တော် ရှေ့နေ ဦးကိုနီကို မန္တလေးမြို့နေ ကြည်လင်း အသက် (၅၄) နှစ်က သေနက်နဲ့ ဦးခေါင်းကို တေ့ပြီး ပြစ်သတ်လိုက်တဲ့ ဖြစ်စဉ်အပေါ် ဦးရဲထွဋ်က သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာက တဆင့် အဲ့ဒီလို ပြောကြားလိုက်တာပါ။

ဒါအပြင် လုပ်ကြံသတ်ဖြတ်မှုတွေဟာ နိုငံအတွက် ကောင်းတဲ့လက္ခဏာ မဟုတ်တဲ့အပြင် လုပ်ကြံသူကိုလည်း ဖမ်းဆီးရမိ ထားပြီဖြစ်တဲ့အတွက် ကွင်းဆက်တွေပါ ဖော်ထုတ်အရေးယူနိုင်ဖို့ မျှော်လင့်ပါတယ်တယ်လို့လည်း ဦးရဲထွဋ်က ပြောပါတယ်။

တရားလွှတ်တော် ရှေ့နေ ဦးကိုနီဟာ ပြန်ကြားရေးဝန်ကြီး ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့နဲ့အတူ အင်ဒိုနီးယားနိုင်ငံမှာ ကျင်းပခဲ့တဲ့ Senior Leadership Program ကို လေ့လာရေးခရီးစဉ်အဖြစ် လိုက်ပါသွားပြီး အပြန်မှာ အခုလို လုပ်ကြံ သတ်ဖြတ် ခံလိုက်ရတာဖြစ်ပါတယ်။

 

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)