ဦးကိုနီရဲ့ ဈာပန ဇန်န၀ါရီလ (၃၀) ရက်နေ့ ညနေ ၄ နာရီ ရေဝေးအစ္စလမ်သုသာန်မှာ သဂြိုဟ်မယ်

0
439

NLD ပါတီရဲ့ ဥပဒေအကြံပေး တရားလွှတ်တော် ရှေ့နေ ဦးကိုနီ ဒီကနေ့ ဇန်န၀ါရီလ (၂၉) ရက်နေ့ ညနေပိုင်းက ရန်ကုန်မြို့၊ အပြည်ပြည်ဆိုင်ရာ လေဆိပ် Terminal (1) မှာ ညနေ (၅) နာရီ ၀န်းကျင် အချိန်လောက်က သေနက်နဲ့ ပစ်ခက် လုပ်ကြံသတ်ဖြတ်ခံလိုက်ရတာပါ။

လုပ်ကြံသတ်ဖြတ်သူ သေနက်သမားကို ၀ိုင်းဝန်ဖမ်းဆီးစဉ် သေနက်သမားရဲ့ ထပ်မံပစ်ခက်မှုကြောင် အငှားယာဉ်မောင်း ကိုနေ၀င်း သေနက်ကြည် ထိမှန်ပြီး မြောက်ဥက္ကလာဆေးရုံကြီးမှာ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။

ရဲတပ်ဖွဲ့ဝင်တွေနဲ့ တာဝန်သိ ပြည်သူတွေ ပူးပေါင်းပြီး လုပ်ကြံသတ်ဖြတ်သူ သေနက်သမား မန္တလေးမြို့နေ အသက် (၅၄) နှစ်အရွယ် ဦးကြည်လင်းကို အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ မျက်မြင်တွေက ပြောပါတယ်။

လက်ရှိအခြေအနေမှာတော့ သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို မြောက်ဥက္ကလာပ ဆေးရုံကြီး ရေခဲတိုက်ကို ပို့ဆောင်ထားပြီး တာဝန်ရှိသူတွေ စစ်ဆေးမှုတွေကို ပြုလုပ်နေတယ်လို့ နယ်မြေခံ သတင်းတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

လုပ်ကြံခံခဲ့ရတဲ့ တရားလွှတ်တော်ရှေ့နေကြီး ဦးကိုနီရဲ့ ဈာပနကို ဇန်န၀ါရီလ (၃၀) ရက်နေ့ ညနေ ၄ နာရီ အချိန် ရေဝေးအစ္စလမ်သုသာန်မှာ အစ္စလာမ်ဘာသာဝင်တို့ရဲ့ ထုံတမ်းစဉ်လာအတိုင်း သဂြိုဟ်မှုဆောင်ရွက်သွားမယ်လို့ ဦးကိုနီရဲ့ မိသားစုဝင်တွေက ပြောပါတယ်။

ဒါအပြင် အငှားယာဉ်မောင်း ဦးနေ၀င်းကိုလည်း ဇန်န၀ါရီလ (၃၀) ရက်နေ့ ညနေ ရေဝေး ဗုဒ္ဓဘာသာ သုသာန်မှာ သဂြိုဟ်မှုဆောင်ရွက်မယ်လို့လည်း မိသားစုဝင်တွေက ပြောပါတယ်။

တရားလွှတ်တော် ရှေ့နေ ဦးကိုနီဟာ ပြန်ကြားရေးဝန်ကြီး ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့နဲ့အတူ အင်ဒိုနီးယားနိုင်ငံမှာ ကျင်းပခဲ့တဲ့ Senior Leadership Program ကို လေ့လာရေးခရီးစဉ်အဖြစ် လိုက်ပါသွားပြီး ပြန်အလာမှာ အခုလို လုပ်ကြံ သတ်ဖြတ်တာကို ခံလိုက်ရတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)