ရန်ကုန် ယဉ်ကျေးမှုတက္ကသိုလ် ကျောင်းသားဟောင်းတွေ စုပေါင်းပြီး ပန်းချီပြပွဲကျင်းပ

0
447

မြန်မာပြည်အနှံက ရန်ကုန် ယဉ်ကျေးမှုတက္ကသိုလ်ကျောင်းသူ/ကျောင်းသားဟောင်းတွေ စုပေါင်းပြီး ပန်းချီပြပွဲတစ်ရပ်ကို Yangon Gallery မှာ ပြသနေပါတယ်။

အဲ့ဒီပန်းချီပြပွဲမှာ ရန်ကုန်ယဉ်ကျေးမှုတက္ကသိုလ်ကျောင်းသူ/ကျောင်းသားဟောင်း (၆၃) ဦးရဲ့ ပန်းချီလက်ရာ ပန်းချီကားပေါင်း (၁၂၀) ကို ဇန်န၀ါရီလ (၂၇) ရက်နေ့ကနေ (၂၉) ရက်နေ့အထိ ပြသနေတာပါ။

ပန်းချီကားတွေကို အမေရိကန်ဒေါ်လာ (၁၀၀) ကနေ (၁၀၀၀) အထိ အမျိုးမျိုးသတ်မှတ်ထားပြီး ပြသရောင်းချနေတာဖြစ်ပါတယ်။

ရန်ကုန် ယဉ်ကျေးမှုတက္ကသိုလ် ကျောင်းသူ/ကျောင်းသားဟောင်းတွေ အနေနဲ့ကတော့ တစ်နိုင်ငံလုံးမှာ ပြန့်ကျဲနေတဲ့ ကျောင်းသူ/ကျောင်းသားဟောင်းတွေ ပြန်လည်ဆုံစည်းနိုင်ဖို့အတွက် ဒီလို ပန်းချီပြပွဲတွေကို စုပေါင်း ပြသရတာဖြစ်တယ်လို့ ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)