ဗိုလ်ချုပ်အောင်ဆန်းဖောင်ဒေးရှင်းက နိုင်ငံသားတွေရဲ့ စာရိတ္တမဏ္ဍိုင်ဖွံ့ဖြိုးရေးဆောင်ရွက်မယ်

0
418

နိုင်ငံသားတွေရဲ့ စာရိတ္တမဏ္ဍိုင်ဖွံ့ဖြိုးရေးတွေကို အဓိက ဆောင်ရွက်မယ့် ဗိုလ်ချုပ်အောင်ဆန်းဖောင်ဒေးရှင်းက ရှေ့ဆက်လက်လုပ်ဆောင်မယ့် လုပ်ငန်းစဉ်တွေကို သတင်းမီဒီယာတွေကို ရှင်းလင်းပြောကြားလိုက်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်း ဖောင်ဒေးရှင်းအနေနဲ့ လက်ရှိ ဆောင်ရွက်ချက်တွေနဲ့ ရှေ့လုပ်ငန်းစဉ်တွေအကြောင်း သတင်းစာ ရှင်းလင်းပွဲကို ရန်ကုန်မြို့မှာရှိတဲ့ တော်ဝင်နှင်းဆီခန်းမမှာ ဇန်န၀ါရီလ (၂၉) ရက်နေ့က ကျင်းပပြုလုပ်ခဲတာပါ။

ဗိုလ်ချုပ်အောက်ဆန်း ဖောင်ဒေးရှင်းကနေ ပညာရေး လူမှုရေး ယဉ်ကျေးမှုရေးရာနဲ့ စာရိတ္တမဏ္ဍိုင်ဖွံ့ဖြိုးရေးတွေကို အဓိက ပံ့ပိုးကူညီဖို့ရှိနေတာပါ။

ဆက်လက်ပြီးတော့လည်း ဗိုလ်ချုပ်အောင်ဆန်း ဖောင်ဒေးရှင်း (ဗဟို) ကို ရန်ကုန်မြို့မှာ အခြေစိုက် ဖွဲ့စည်းတည်ထောင်သွားမှာ ဖြစ်သလို ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာလည်း အဖွဲ့ခွဲတွေ ဖွဲ့စည်းတည်ထောင် သွားဖို့ ရှိနေတယ်လို့ ဦးဆောင်ပုဂ္ဂိုလ်တွေက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)