မောင်တောမြို့နယ်မှာ ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ဦး ထပ်မံသတ်ဖြတ်ခံရ

0
342

မောင်တောမြို့နယ်မှာ ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ဦး ထပ်မံသတ်ဖြတ်ခံလိုက်ရပါတယ်။

မောင်တောမြို့နယ်၊ ငန်းချောင်းရဲကင်းစခန်းမှာ လူပျောက်တိုင်ကြားထားတဲ့ ကြက်ရိုးပြင်ကျေးရွာ ခေတ္တအုပ်ချုပ်ရေးမှူး ဇော်ကီမူဟာမတ် ၃၃ သတ်ဖြတ်ခံလိုက်ရတာလို့ နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်လိုက်ပါတယ်။

သူ့ရဲ့ ရုပ်အလောင်းကို ဇန်န၀ါရီလ (၂၈) ရက်နေ့ မနက်ပိုင်းက ပြောင်ပိုက်ကျေးရွာ အနောက်တောင် ဘက်က ရွှံနွံအိုင်ထဲမှာ နစ်မြုပ်ပြီး မှောက်လျက်သေ ဆုံးနေကြောင်း တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။

အလောင်းကို စစ်ဆေးရာမှာတော့ ယာပါးပြတ်ရှ ဒဏ်ရာ ၁ ချက်၊ ယာနံဘေး ထိုးသွင်းဒဏ်ရာ ၂ ချက်၊ လည်ပင်း လှီးပြတ်ဒဏ်ရာ ၂ ချက်၊ ယာဒူးပြတ်ရှ ဒဏ်ရာ ၁ ချက်၊ ဝဲရင်အုံထိုးသွင်းဒဏ်ရာ ၁ ချက်၊ ဝဲ လက်ကောက် ဝတ် ပြတ်ရှ ဒဏ်ရာ ၁ တစ်ချက်တို့နဲ့ သေဆုံးနေကြောင်း တွေ့ရှိတယ်လို့ ရဲစစ်ဆေးချက်တွေက ဆိုပါတယ်။

လက်ရှိအခြေအနေမှာတော့ သေဆုံး သူရဲ့ ရုပ်အလောင်းကို မောင်တောဆေးရုံကို ပို့ဆောင်ထားပြီး လုပ်ထုံး လုပ်နည်းတွေနဲ့အညီ ဆက်လက်ဆောက်ရွက်သွားမယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)