ကိုရီးယားက မြန်မာနိုင်ငံအတွင်း ၀က် မျိုးကောင်း မျိုးသန့်တွေ ရဖို့ နည်းပညာ ဖြန့်ဝေပေးမယ်

0
433

ကိုရီးယားက မြန်မာနိုင်ငံအတွင်း ၀က် မျိုးကောင်း မျိုးသန့်တွေ ရရှိဖို့ နည်းပညာတွေ ဖြန့်ဝေပေးသွားဖို့ရှိနေပါတယ်။

တောင်ကိုရီးယားနိုင်ငံ Katec Myanmar Co.,Ltd ရဲ့ ဥက္ကဋ္ဌဖြစ်သူ Mr. Yong Woo Kim က ဇန်န၀ါရီလ (၂၈) ရက်နေ့က နေပြည်တော်မှာ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာအောင်သူနဲ့ တွေ့ဆုံစဉ် အဲ့ဒီလို ပြောကြားလိုက်တာပါ။

ဒါအပြင် မြန်မာနိုင်ငံရဲ့ ရာသီဥတုနဲ့ ကိုက်ညီတဲ့ ကိုရီးယားနိုင်ငံက အကောင်းဆုံးဝက် မျိုးစိတ်တွေကို တင်သွင်းပြီး ကိုရီးယား နည်း ပညာနဲ့ မွေးမြူကာ တန်ဖိုးမြှင့် ထုတ်ကုန်တွေအဖြစ် ထုတ်လုပ် သွားမည့်ကိစ္စတွေကိုပါ ဆွေးနွေးခဲ့ကြတာပါ။

အဲ့ဒီလို ထုတ်လုပ်နိုင်ဖို့အတွက် ပြုပြင်ထုတ်လုပမယ့် အသင့်စက်ရုံတွေ နဲ့ သားသတ်စက်ရုံတွေ တည်ထောင်သွားမယ် ကိစ္စတွေကိုပါ ဆွေးနွေးခဲ့တာပါ။ အဲ့ဒါတွေကို ကိုရီးယားနိုင်ငံအနေနဲ့ ပထမ (၅) တာ ကာလအတွင်းမှာ ဆောင်ရွက်သွားမယ့်အပြင် နှစ်ရှည်စီမံကိန်းအနေနဲ့ပါ ဆောင်ရွက်သွားဖို့ မြန်မာအစိုးရနဲ့ ဆွေးနွေးနေတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)