ပြည်သူတွေရဲ့တင်ပြချက်တွေကို အမြန်ဆုံးအရေးယူ ဖြေရှင်းဖို့ မထသ(ဗဟို)ကို လမ်းပန်းဝန်ကြီး သတိပေး

0
304

ခရီးသွားပြည်သူတွေရဲ့ တင်ပြချက်တွေကို အမြန်ဆုံးအရေးယူဖြေရှင်းပေးဖို့ မထသ(ဗဟို)အပါအ၀င် မထသမော်တော် ယာဉ်လိုင်းအဖွဲ့အစည်းတွေက တာဝန်ရှိသူတွေကို ရန်ကုန်တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာ ကျော်က မှာကြားလိုက်ပါတယ်။

15747877_408876299444482_974674889732379613_n

ဒီဇင်ဘာလ ၂၇ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှာ တွေ့ဆုံစဉ် အဲဒီလို မှာကြားလိုက်တာပါ။ ခရီးသည်တွေ သွားလာမှုအဆင်ပြေ ချောမွေစေဖို့ မထသ အဖွဲ့အစည်းအားလုံးတွင် တာဝန်ရှိပြီး အလေးအနက်ထား ကြပ်မတ်ဆောင်ရွက်ဖို့နဲ့ ယာဉ်ပိုင်၊ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေ အားလုံး ခရီးသွားပြည်သူ သယ်ယူပို့ဆောင်ရေးအတွက် အလေးအနက်ထားဆောင်ရွက်ဖို့ မှာကြားခဲ့တာပါ။

သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ထိရောက်တဲ့အရေးယူမှုတွေ ပြုလုပ်ကြဖို့နဲ့ ခရီးသွားပြည်သူတွေ အဆင်ပြေ ချောမွေ့စွာ သွားလာရေးအတွက် တာဝန်ရှိသူအဆင့်ဆင့်က ၀ိုင်းဝန်းဆောင်ရွက်ဖို့ မှာကြားခဲ့တာပါ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)