တရားစွဲဆိုခဲ့သူ ရုံးရှေ့သို့ လာရောက်ရန် ခရိုင်တရားသူကြီးမှ ညွှန်ကြား

0
312

မမှန်မကန် ပုံနှိပ်ဖြန့်ချိမှုကြောင့် တရားလို နစ်နာတဲ့အတွက် နစ်နာကြေး ကျပ်သိန်းငါးရာ ရလိုမှုနဲ့ မော်လမြိုင်ခရိုင် တရားရုံးမှာ တရားစွဲဆိုထားတဲ့ အမှုကို ဒုတိယအကြိမ် ရုံးချိန်ကို ဒီကနေ့ ၂၈-၁၂-၂၀၁၆ ရက်နေ့ မှာပြုလုပ်ခဲ့ပါတယ်။

15749683_1040780189382328_737951358_n

၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) လယ်ယာစီးပွားနှင့် တောင်သူလယ်သမားရေးရာ ဌာနမှ တာဝန်ခံတွေ ဖြစ်ကြတဲ့ ဦးထွန်းမြင့်အောင် ဦးမျိုးသန့်နဲ့ ဒေါ်နုနုအောင် တို့ (၃) ဦးကို မွန်ပြည်နယ် သံဖြူဇရပ်မြို့မှာ နေထိုင်တဲ့ ဦးရန်လင်းအောင် ဆိုသူမှ မမှန်မကန် ပုံနှိပ်ဖြန့်ချိမှုကြောင့် တရားလိုပြု ပြီး မော်လမြိုင်ခရိုင် တရားရုံးမှာ စွပ်စွဲပြီး တရားစွဲဆိုထားတာပါ။

စွပ်စွဲ တရားစွဲဆိုသူ တရားလို ဖြစ်တဲ့ ဦးရန်လင်းအောင်ဟာ တရားရုံးကို ရုံးချိန်း (၂) ချိန်းဆက်တိုက် မလာရောက်တဲ့ အတွက် ခရိုင်တရားသူကြီး နောက်ရုံးချိန်းမှာ ရုံးရှေ့ကို အရောက်လာဖို့ ခရိုင်တရားသူကြီးက ညွန်ကြားလိုက်ပြီ ဖြစ်ပါတယ်၊

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)