ရန်ပုံငွေ မလုံလောက်လို့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ ထိခိုက်စေခြင်းမျိုး မဖြစ်ဖို့ ဒေါ်အောင်ဆန်းစုကြည်ပြော

0
300

ရန်ပုံငွေလုံလောက်မှုမရှိလို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ထိခိုက်စေခြင်းမျိုးမဖြစ်လို့ လိုအပ်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။

15741066_947465042054379_6835210793978789313_n

ဒီဇင်ဘာလ ၂၈ ရက် ဒီကနေ့မှာ ရန်ကုန်မြို့၊ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနမှာ ကျင်းပပြုလုပ်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရန်ပုံငွေဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့အစည်းအဝေးမှာ အဲဒီလိုပြောဆိုလိုက်တာပါ။ နိုင်ငံတကာကပဲ ထောက်ပံ့သည်ဖြစ်စေ၊ ပြည်တွင်းအလှူရှင် တွေကပဲ လှူဒါန်းသည်ဖြစ် နိုင်ငံသူနိုင်ငံသားတွေ လှူဒါန်းခြင်းဖြစ်ပြီး အဲဒီရန်ပုံငွေတွေကို နိုင်ငံတော်အစိုးရ၊ NRPC က ပိုင်ဆိုင်တာမဟုတ်ဘဲ နိုင်ငံသူနိုင်ငံသားအားလုံးက ပိုင်ဆိုင်တာဖြစ်ပါတယ်။

အဲဒီ ရန်ပုံငွေတွေကို မလိုအပ်ဘဲ အပိုကုန်ကျမှုတွေ မရှိဖို့လိုအပ်ပြီး ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့က သဘောတူချမှတ်ထားတဲ့ ဦးစားပေးကဏ္ဍကြီးတွေနဲ့ ညီညွတ်ဖို့ လိုအပ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)