ကိုယ်ဝန်ဆောင် အမျိုးသမီးတွေနဲ့ အသက် ၂ နှစ်အောက် ကလေးငယ်တွေကို ထောက်ပံ့ငွေ ပေးအပ်ဖို့ စီစဉ်

0
353

ကိုယ်ဝန်ဆောင် အမျိုးသမီးတွေနဲ့ အသက် ၂ နှစ်အောက် ကလေးသူငယ်တွေကို ထောက်ပံ့ငွေ ပေးအပ်ဖို့ အစီအစဉ်ကို ချင်းပြည်နယ်မှာ ပထမဆုံး စီမံချက် အဖြစ် ၂၀၁၇ ခုနှစ်မှာ စတင်ဆောင်ရွက် သွားပါမယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ ၀င်းမြတ်အေးက ပြောကြားလိုက်ပါတယ်။

15782624_1040745989385748_2146937720_n

နေပြည်တော် ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ၀န်ကြီးဌာမှာပြုလုပ်တဲ့ မြန်မာနိုင်ငံလုံး ဆိုင်ရာ အမျိုးသမီးရေးရာ ကော်မတီ အစည်းအဝေးနဲ့ ကလေး သူငယ် အခွင့်အရေးများဆိုင်ရာ အမျိုးသား ကော်မတီ အစည်းအဝေးမှာ အခုလိုပြောကြားလိုက်တာပါ။ ဒါ့အပြင် ကလေးသူငယ်တွေရဲ့ အကောင်းဆုံး အကျိုးစီးပွား ဖော်ဆောင်နိုင်ဖို့ ဥပဒေ၊ မူဝါဒနဲ့ လုပ်ငန်းစဉ်တွေကို ချမှတ် ဖော်ဆောင်လျက်ရှိ လို့လည်း ဝန်ကြီးကပြောပါတယ်။

ကလေးသူငယ် ဥပဒေ (၁၉၉၃)နဲ့  ကလေးသူငယ် နည်းဥပဒေ(၂၀၀၁) တို့ ကို ပြဌာန်းပေးခဲ့ပြီး၊ ခေတ်စနစ်နဲ့အညီ ဒီမိုကရေစီ စံနှုန်းတွေနဲ့
ကိုက်ညီအောင် ၀န်ကြီးဌာန က ဦးဆောင်ပြီး ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာ ဥပဒေ မူကြမ်းကို ပြန်လည် ပြင်ဆင် ရေးဆွဲနေပြီဖြစ်ပြီး လာမယ့် ၂၀၁၇ ခုနှစ် ဇန်န၀ါရီလ အတွင်း လွှတ်တော်ကို တင်ပြနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ ဝန်ကြီးကပြောပါတယ်၊

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)