ကရင်နှစ်သစ်ကူးနေ့အတွက် နှစ်သစ်ကူး သ၀ဏ်လွှာကို နိုင်ငံတော်အတိုင်ပင်ခံ ရေးသားပေးပို့

0
284

မနက်ဖြန်မှာကျရောက်မယ့် ကရင်နှစ်သစ်ကူးနေ့ အတွက် နှစ်သစ်ကူးသဝဏ်လွှာကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရေးသားပေးပို့လိုက်ပါတယ်။

15731172_1040652442728436_532861110_n

မြန်မာနိုင်ငံတ၀န်းနဲ့ ကမ္ဘာ့ဒေသ အရပ်ရပ်မှာ ပျံနှံ့အခြေချနေထိုင်ကြတဲ့ ကရင်တိုင်းသားအပါင်းအတွက် ကောင်းခြင်း မင်္ဂလာ အဖြာဖြာ နဲ့ ပြည်စုံပါစေလို့ ဆုတောင်းပေးလိုက်တာပါ။ နှစ်သစ်ကူးချိန်ဟာ နှစ်ဟောင်းက အားစိုက်ကြိုးပမ်းမှုတွေ ရဲ့အသီးအပွင့်တွေကို ရယူပွေ့ပိုက်နိုင်တဲ့အတွက် ကျေနပ် ကြည်နူး ရတဲ့ အချိန်ဖြစ်ပြီး ဇွဲ၊ လုံးလ၊ ဝီရိယနဲ့ လုပ်ခဲ့ သမျှတွေရဲ့ အကျိုးကျေးဇူးကို တစ်နေ့တော့ ခံစား၊ စံစားရမှာပဲဆိုတဲ့ မျော်လင့်ချက်ကို ရှင်သန်စေတဲ့ ပွဲတော်ဖြစ်တယ်လို့ သဝဏ်လွှာမှာ ရေးသားဖော်ပြထားပါတယ်။

ဒါ့အပြင် နှစ်ပေါင်း ၆၀ ကျော် လွတ်လပ်ရေးရပြီး ကတည်းက လောင်ခဲ့တဲ့ ပြည်တွင်းစစ်မီးဟာ မကြာခင်မှာ ငြိမ်းစေရမယ်ဆိုတဲ့ မျော်လင့်ချက် ရှင်သန်ရုံသာမက အကောင်အထည်ပေါ်လာဖို့ ဇွဲ၊လုံ့လ၊ ဝီရိယတွေနဲ့ ကျွန်မတို့ တိုင်းရင်းသားတွေ အားလုံးအပြန် အလှန် နားလည်မှု၊ ယုံကြည်မှု၊ လေးစားမှုတွေ ပြုစုပျိုးထောင်ကြပါစို့လို့ ရေးသားထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)