ဖုန်းနဲ့ ညစ်ညမ်းဗီဒီယို ရောင်းချသူ နှစ်ဦးကို ရဲတပ်ဖွဲ့က အသွင်ယူဖမ်းဆီး

0
301

တာဝန်သိပြည်သူတစ်ဦးရဲ့ သတင်းပေးချက်အရ ဖုန်းမှတစ်ဆင့် ညစ်ညမ်းဗီဒီယိုဇာတ်လမ်းတွေ ရောင်းချနေတဲ့ တရားခံနှစ်ဦးကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဖမ်းဆီးရမိခဲ့ပါတယ်။

2

ဒီဇင်ဘာလ ၉ ရက်နေ့က နေပြည်တော် လူမှုဝန်ထမ်းဦးစီးဌာနကို ဖုန်းနဲ့ ဖေ့ဘွတ်ခ်အကောင့်တစ်ခုမှာ အသက် (၁၃)နှစ်အောက် မိန်းကလေးတွေနဲ့ ကာမစပ်ယှက်နေတဲ့ ဗီဒီယိုတွေ ရောင်းချနေတယ်လို့ ပြည်သူတစ်ဦးက သတင်းပေးတိုင်ကြားခဲ့တာပါ။ အဲဒီသတင်းပေးတိုင်ကြားချက်ကို လူမှုဝန်ထမ်းဦးစီးဌာနက ရဲတပ်ဖွဲ့ကို ဆက်လက် အကြောင်းကြားခဲ့တာကြောင့် တရားခံတွေကို အသွင်ယူဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

လူမှုကွန်ရက်စာမျက်နှာမှာ ၁၃ နှစ်အောက် မိန်းကလေးတွေနဲ့ ကာမစက်ယှက်တဲ့ ညစ်ညမ်းဗီဒီယိုဇာတ်ကား ၁၀၀ ကို ဖုန်းဘေလ် ၃၀၀၀ ကျပ်၊ ၂၀၀ ကို ၅၀၀၀ ကျပ်နဲ့ ၅၀၀ ကို ၁၀၀၀၀ ကျပ်နဲ့ ၀ယ်ယူနိုင်တယ်လို ကြော်ငြာထားပြီး ရဲတပ်ဖွဲ့ဝင်တွေက အသွင်ယူဆက်သွယ် ၀ယ်ယူခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ဖုန်းဘေလ်လက်ခံတဲ့ ဖုန်းနံပါတ်ကို စစ်ဆေးရာမှာ ဖုန်းနံပါတ်ကိုင်ဆောင်သူမှာ မြင်းခြံမြို့နယ်၊ ချောင်းလယ်ကျေးရွာနေ မျိုးလှိုင်ဦး(ခ)ဖိုးသားဖြစ်ကြောင်း သိရှိရတာကြောင့် နေပြည်တော်၊ အမှတ်(၁)မြို့မရဲစခန်း(ပ)၂၈၈/၂၀၁၆၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဂ)ဖြင့် အရေးယူစစ်ဆေးခဲ့ပါတယ်။

ဒါ့အပြင် သူ့ရဲ့ညီဖြစ်သူ မျိုးကျော်ကျော်မှာလည်း ညစ်ညမ်းဗီဒီယိုတွေကို ရောင်းချနေကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့တာကြောင့် နှစ်ဦးစလုံးကို ဖမ်းဆီးစစ်နေတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)