မဲဆောက်က ရွှေ့ပြောင်းမြန်မာကလေးငယ် ကိုးထောင်ကျော် ပညာသင်ဖို့ အခက်တွေ့

0
255

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့နယ်က စာသင်ကျောင်းတချို့မှာ ၂၀၁၅ ခုနှစ်ကစလို့ ကူညီထောက်ပံ့တွေ လျော့ကျလာတဲ့အတွက် စာသင်ကျောင်းတချို့ ပိတ်ခဲ့ရသလို လာမယ့်၂၀၁၇ ခုနှစ်မှာလည်း ရွှေ့ပြောင်းမြန်မာကလေးငယ် ကိုးထောင်ကျော်ဟာ ပညာသင်ကြားဖို့ အခက်တွေ့နေတယ်လို့ Social Action For Children and Women-Saw အဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာ တစ်ဦးဖြစ်သူ မအေးအေးမာ(Voa)က ပြောပါတယ်။

15782625_639447669591803_1651650474_n

အခုလို ပညာသင်ကြားဖို့ အခက်တွေ့နေရတဲ့အထဲမှာ Social Action For Childrend and Women-Sawမှာ ရှိတဲ့ ကလေးတွေလည်း ပါဝင်နေသလို လာမယ့်နှစ်မှာ ဆက်လက်ပညာသင်ကြားနိုင်ဖို့ အကူအညီတွေ လိုအပ်နေတယ်လို့ ပြောပါတယ်။ သူတို့ ကူညီစောင့်ပေးထားတဲ့အထဲမှာ မိဘမဲ့ကလေးတွေ HIV ဝေဒနာရှင်အမျိုးများနဲ့ ကလေးငယ်တွေ လူကုန်ကူးခံခဲ့ရတဲ့ အမျိုးသားနဲ့ ကလေးငယ်တွေ လိင်ပိုင်ဆိုင်ရာ စော်ကားခံခဲ့ရတဲ့ အမျိုးသမီးများနဲ့ ကလေးငယ်တွေ စစ်ဘေးရှောင် ကလေးငယ်တွေနဲ့ အကြောင်းအမျိုးမျိုးကြောင့် ဒုက္ဒရောက်ခဲ့ကြတဲ့ ကလေးငယ်တွေကို ခေါ်ယူပြီး မွေးထားတယ်လို့ ဆိုပါတယ်။

အဲဒီ Social Action For Children and Women-Saw အဖွဲ့ဟာဆိုရင် ၂၀၀၀ခုနှစ်မှာ တည်ထောင်ခဲ့ပြီး(၁၆)နှစ်တာကာလမှာ အမျိုးသမီးနဲ့ကလေးငယ် တစ်သောင်းကျော်ကို ကူညီပေးထားသလို အခုခါမှာတော့ ထိုင်းနိုင်ငံ မဲဆောက်မြို့မှာရှိတဲ့ ရွှေ့ပြောင်းမြန်မာကလေးငယ် ကိုးထောင်ကျော်ဟာ လာမယ့်နှစ်မှာ ပညာသင်ကြားနိုင်ဖို့ အကူအညီတွေ လိုအပ်နေတာလည်းဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)