လှိုင်သာယာမြို့နယ်မှာ WCC ဖွဲ့ဖို့ စက်ရုံ နှစ်ရာဝန်းကျင်သာကျန်ရှိ

0
17

လှိုင်သာယာမြို့နယ်အတွင်းမှာ အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ(WCC)ဖွဲ့ဖို့ စက်ရုံ နှစ်ရာ ဝန်းကျင်သာကျန်ရှိတယ်လို့ လှိုင်သာယာမြို့နယ်၊ အလုပ်သမားဆက်ဆံရေး ဦးစီးဌာနကပြောပါတယ်။ ဒီသတင်းကို MCN သတင်းထောက်ဌေးဌေးကပေးပို့ ထားပါတယ်။

အလုပ်ရှင် အလုပ်သမားကြား ဆက်ဆံရေးကောင်းမွန်စေဖို့နဲ့ အငြင်းပွားမှုကိုအလုပ်ရှင်ဘက်ကဖြစ်စေ၊ အလုပ်သမားဘက်ကဖြစ်စေတင်ပြလာတာတွေကို ဌာနအတွင်းဆွေးနွေးညှိနှိုင်းပေးဖို့အလုပ်ရှင်ကိုယ် စားလှယ် ၊အလုပ်သမားကိုယ်စားလှယ်တွေပါဝင်တဲ့ WCCကိုဖွဲ့စည်းဆောင်ရွက်ဖို့အစိုးရကတိုက်တွန်း နေတာဖြစ်ပါတယ်။

လက်ရှိလှိုင်သာယာမြို့နယ်အတွင်းမှာ စက်ရုံပေါင်း ၈၀၀ ရှိပြီး WCC ဖွဲ့စည်းဆောင်ရွက်ထားတဲ့ စက်ရုံ ၆၀၀ ကျော်ရှိတဲ့အတွက် ကျန်ရှိနေသေးတဲ့ စက်ရုံတွေကလည်း လာရောက်ဖွဲ့စည်းဖို့လုပ်ဆောင်နေတာပါ။

Sounbite ; ဦးသိန်းမင်းထွန်း (ဦးစီးအရာရှိ) လှိုင်သာယာမြို့နယ်၊အလုပ်သမားဆက်ဆံရေးဦးစီးဌာန

အလုပ်သမား ဥပဒေအရ အလုပ်ရှင်အလုပ်သမားကြားက ပြဿနာတွေကို အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေး ကော်မတီကနေ ၅ ရက်အတွင်းညှိနှိုင်းလို့အဆင်မပြေမှသာ မြို့နယ်ညှိနှိုင်းဖျန်ဖြေ ရေးအဖွဲ့ကို လွှဲရမယ်လို့ဥပဒေမှာဖော်ပြထားတာဖြစ်ပါတယ်။

ဒါ့အပြင် အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးဥပဒေထွက်ရှိပြီးနောက်ပိုင်းမှသာ အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ(WCC)ဖွဲ့စည်းမှုတွေကပိုများလာပြီး မဖွဲ့ရသေးတဲ့စက်ရုံတွေကအားစိုက် ဖွဲ့စည်းလာတယ်လို့ပြောပါတယ်။

လကရြှိ စကရြုံအတှငြးမှာ WCCအဖှဲ့ ဖှဲ့စညြးဖို့ ဆောငရြှကနြပမေယေ့ြ အလုပရြှငြ အလုပသြမားတှကေ အသုံးခမွှုအားနညြးနတောကှောင့ြ အလုပသြမားဆနျဒပှမှုတောငြးဆိုမှုတှကေ လွော့ကသွှားတာ မရှိဘဲမှင့တြကနြသေေးတာ ဖှဈပါတယြ ရှငြ။

လှိုငျသာယာမွို့နယျမှာ WCC ဖှဲ့ဖို့ စကျရုံ နှဈရာဝနျးကငြျသာကနြျရှိ

လှိုင်သာယာမြို့နယ်အတွင်းမှာ အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ(WCC)ဖွဲ့ဖို့ စက်ရုံ နှစ်ရာ ဝန်းကျင်သာကျန်ရှိတယ်လို့ လှိုင်သာယာမြို့နယ်၊ အလုပ်သမားဆက်ဆံရေး ဦးစီးဌာနကပြောပါတယ်။ ဒီသတင်းကို MCN သတင်းထောက်ဌေးဌေးကပေးပို့ ထားပါတယ်။

အလုပ်ရှင် အလုပ်သမားကြား ဆက်ဆံရေးကောင်းမွန်စေဖို့နဲ့ အငြင်းပွားမှုကိုအလုပ်ရှင်ဘက်ကဖြစ်စေ၊ အလုပ်သမားဘက်ကဖြစ်စေတင်ပြလာတာတွေကို ဌာနအတွင်းဆွေးနွေးညှိနှိုင်းပေးဖို့အလုပ်ရှင်ကိုယ် စားလှယ် ၊အလုပ်သမားကိုယ်စားလှယ်တွေပါဝင်တဲ့ WCCကိုဖွဲ့စည်းဆောင်ရွက်ဖို့အစိုးရကတိုက်တွန်း နေတာဖြစ်ပါတယ်။

လက်ရှိလှိုင်သာယာမြို့နယ်အတွင်းမှာ စက်ရုံပေါင်း ၈၀၀ ရှိပြီး WCC ဖွဲ့စည်းဆောင်ရွက်ထားတဲ့ စက်ရုံ ၆၀၀ ကျော်ရှိတဲ့အတွက် ကျန်ရှိနေသေးတဲ့ စက်ရုံတွေကလည်း လာရောက်ဖွဲ့စည်းဖို့လုပ်ဆောင်နေတာပါ။

Sounbite ; ဦးသိန်းမင်းထွန်း (ဦးစီးအရာရှိ) လှိုင်သာယာမြို့နယ်၊အလုပ်သမားဆက်ဆံရေးဦးစီးဌာန

အလုပ်သမား ဥပဒေအရ အလုပ်ရှင်အလုပ်သမားကြားက ပြဿနာတွေကို အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေး ကော်မတီကနေ ၅ ရက်အတွင်းညှိနှိုင်းလို့အဆင်မပြေမှသာ မြို့နယ်ညှိနှိုင်းဖျန်ဖြေ ရေးအဖွဲ့ကို လွှဲရမယ်လို့ဥပဒေမှာဖော်ပြထားတာဖြစ်ပါတယ်။

ဒါ့အပြင် အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးဥပဒေထွက်ရှိပြီးနောက်ပိုင်းမှသာ အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ(WCC)ဖွဲ့စည်းမှုတွေကပိုများလာပြီး မဖွဲ့ရသေးတဲ့စက်ရုံတွေကအားစိုက် ဖွဲ့စည်းလာတယ်လို့ပြောပါတယ်။

Sounbite ; ဦးသိန်းမင်းထွန်း (ဦးစီးအရာရှိ) လှိုင်သာယာမြို့နယ်၊အလုပ်သမားဆက်ဆံရေးဦးစီးဌာန

လက်ရှိ စက်ရုံအတွင်းမှာ WCCအဖွဲ့ ဖွဲ့စည်းဖို့ ဆောင်ရွက်နေပေမယ့် အလုပ်ရှင် အလုပ်သမားတွေက အသုံးချမှုအားနည်းနေတာကြောင့် အလုပ်သမားဆန္ဒပြမှုတောင်းဆိုမှုတွေက လျော့ကျသွားတာ မရှိဘဲမြင့်တက်နေသေးတာ ဖြစ်ပါတယ် ရှင်။