ဘုရားသုံးဆူဒေသမှာ ဖြစ်တဲ့ တိုက်ပွဲကြောင့် ထိုင်းဘက်ကို စစ်ဘေးရှောင်သူ ၃၀၀ ခန့်ရှိ

0
41

ထိုင်း-မြန်မာ နယ်စပ် ဘုရားသုံးဆူဒေသမှာ မွန်ပြည်သစ်ပါတီ (NMSP) နဲ့ တပ်မတော် စစ်ကြောင်းတို့ ပစ်ခတ်မှုတွေ ဖြစ်ပွားတာကြောင့် မွန်တိုင်းရင်းသား ၃၀၀ ခန့် ထိုင်းဘက်အခြမ်းကို စစ်ဘေးရှောင် ထွက်ပြေးခဲ့ကြပါတယ်။

ဘုရားသုံးဆူဒေသက ဂျပန်ရေတွင်းလို့ ခေါ်တဲ့နေရာအနီးမှာ နိုဝင်ဘာလ ၂၇ ရက်နေ့က နှစ်ဖက် ပစ်ခတ်မှု ဖြစ်ခဲ့တာပါ။ မွန် စစ်ဘေးရှောင်တွေဟာ ဆန်ခလဘူရီရှိ နောင်လူမှာ ခိုလှုံသူလည်း ရှိပြီး တချို့ကလည်း ဘန် ရတ်ဆာဒွန်ထိုင်းမှာ ခိုလှုံနေတယ်လို့ ဘန်ကောက်ပို့စ် သတင်းစာက ဖော်ပြပါတယ်။

လတယြာတပဖြှဲ့ တပမြှူး ထိုငြးဗိုလမြှူးကှီး စဈသီပှနြ ဂွူလာပါနာက ထိုငြး-မှနမြာ နယစြပမြှာ တပတြှကေို တပလြှန့ထြားကှောငြး ပှောပါတယြ။ မှနရြှာသားတဈဦး ထိခိုကဒြဏရြာရခဲ့လို့ ဆနခြလဘူရီရှိ ဆေးရုံတဈရုံကို ပို့ဆောငခြဲ့ရပါတယြ။ မှနပြှညသြဈပါတီ (NMSP) ဟာ တဈနိုငငြံလုံး ပဈခတတြိုကခြိုကမြှု ရပစြဲရေး သဘောတူညီမှု စာခွုပြ (NCA) ကို လကမြှတရြေးထိုးထားပါတယြ။

ဘုရားသုံးဆူဒသေမှာ ဖွဈတဲ့ တိုကျပှဲကွောငျ့ ထိုငျးဘကျကို စဈဘေးရှောငျသူ ၃၀၀ ခနျ့ရှိ

ထိုင်း-မြန်မာ နယ်စပ် ဘုရားသုံးဆူဒေသမှာ မွန်ပြည်သစ်ပါတီ (NMSP) နဲ့ တပ်မတော် စစ်ကြောင်းတို့ ပစ်ခတ်မှုတွေ ဖြစ်ပွားတာကြောင့် မွန်တိုင်းရင်းသား ၃၀၀ ခန့် ထိုင်းဘက်အခြမ်းကို စစ်ဘေးရှောင် ထွက်ပြေးခဲ့ကြပါတယ်။

ဘုရားသုံးဆူဒေသက ဂျပန်ရေတွင်းလို့ ခေါ်တဲ့နေရာအနီးမှာ နိုဝင်ဘာလ ၂၇ ရက်နေ့က နှစ်ဖက် ပစ်ခတ်မှု ဖြစ်ခဲ့တာပါ။ မွန် စစ်ဘေးရှောင်တွေဟာ ဆန်ခလဘူရီရှိ နောင်လူမှာ ခိုလှုံသူလည်း ရှိပြီး တချို့ကလည်း ဘန် ရတ်ဆာဒွန်ထိုင်းမှာ ခိုလှုံနေတယ်လို့ ဘန်ကောက်ပို့စ် သတင်းစာက ဖော်ပြပါတယ်။

လတ်ယာတပ်ဖွဲ့ တပ်မှူး ထိုင်းဗိုလ်မှူးကြီး စစ်သီပွန် ဂျူလာပါနာက ထိုင်း-မြန်မာ နယ်စပ်မှာ တပ်တွေကို တပ်လှန့်ထားကြောင်း ပြောပါတယ်။ မွန်ရွာသားတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့လို့ ဆန်ခလဘူရီရှိ ဆေးရုံတစ်ရုံကို ပို့ဆောင်ခဲ့ရပါတယ်။ မွန်ပြည်သစ်ပါတီ (NMSP) ဟာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီမှု စာချုပ် (NCA) ကို လက်မှတ်ရေးထိုးထားပါတယ်။