တုိင္းျပည္အေရွ႕ ေရႊ႕ဖို႔ ၿငိမ္းခ်မ္းေရးျဖစ္စဥ္ကုိ စိတ္မပ်က္ဖို႔ လုိတယ္လုိ႔ UPDJC ေျပာ

0
476

တိုင္းျပည္ အေရွ႕ကို ေရြ႕ႏိုင္ဖို႔အတြက္ ၿငိမ္းခ်မ္းေရးျဖစ္စဥ္ေတြကို စိတ္ပ်က္လို႔မရဘူးလို႔ UPDJC ႏုိင္ငံေရးပါတီအစုအဖြဲ႔ကေျပာပါတယ္။ ဒီသတင္းကို MCN ရခုိင္ျပည္နယ္ သတင္းေထာက္ မင္းမ်ိဳးႏြယ္က ေပးပို႔ထားပါတယ္။

လက္ရွိ ျမန္မာႏိုင္ငံရဲ႕ ၿငိမ္းခ်မ္းေရးျဖစ္စဥ္အေပၚမွာ စိတ္ပ်က္လို႔မရေၾကာင္းနဲ႔ ႏုိင္ငံေရးျပႆနာေတြကို တစ္ေယာက္နဲ႔တစ္ေယာက္ ႏုိင္ငံေရးစားပြဲေပၚမွာအေျဖရွာၿပီး ေရွ႕ကိုေရြ႕ႏုိင္ဖုိ႔အတြက္ အခက္အခဲရွိရင္လည္း ဆက္သြားရမွာျဖစ္တယ္လို႔ UPDJC ႏုိင္ငံေရးပါတီမ်ားအစုအဖြဲ႔က ေျပာပါတယ္။

ႏို၀င္ဘာလ ၂၇ ရက္ေန႔က ရခိုင္ျပည္နယ္၊ စစ္ေတြၿမိဳ႕မွာ ျပဳလုပ္တဲ့ ျပည္ေထာင္စုၿငိမ္းခ်မ္းေရးဆိုင္ရာ လုပ္ငန္းစဥ္ေတြကို တင္ျပေဆြးေႏြးျခင္းနဲ႔ ျပည္တြင္းၿငိမ္းခ်မ္းေရးႏွင့္ ဖက္ဒရယ္ျပည္ေထာင္စုတည္ေဆာက္ေရး စကားဝုိင္းေဆြးေႏြးပြဲမွာ ေျပာဆိုလိုက္တာပါ။

အင္တာဗ်ဴး – ဦးဦးလွေစာ (ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္) ရခိုင္အမ်ိဳးသားပါတီ (ANP)

ၿငိမ္းခ်မ္းေရးျဖစ္စဥ္နဲ႔ပတ္သက္လို႔ ျပည္သူေတြရဲ႕အႀကံျပဳခ်က္ေတြ၊ ျပည္သူေတြရဲ႕ အသံေတြကို သိရွိလိုတဲ့အတြက္ အခုလိုမ်ိဳးေဆြးေႏြးပြဲစကားဝုိင္းေတြကို ႏုိင္ငံေရးပါတီအစုအဖြဲ႔ကေန ျပည္နယ္ေတြမွာ ျပဳလုပ္ေပးေနတာျဖစ္ပါတယ္။

အင္တာဗ်ဴး – ဦးႏုိင္ငံလင္း (အတြင္းေရးမွဴး) ျပည္ေထာင္စုၿငိမ္းခ်မ္းေရးေဆြေႏြးမႈ ပူးတြဲေကာ္မတီ UPDJC

အဲဒီေဆြးေႏြးပြဲကို ျပည္ေထာင္စုၿငိမ္းခ်မ္းေရးေဆြေႏြးမႈ ပူးတြဲေကာ္မတီ UPDJC ရဲ႕ ႏုိင္ငံေရးပါတီမ်ားအစုအဖြဲ႔ ျပည္ေထာင္စု ၿငိမ္းခ်မ္းေရးညီလာခံ ၂၁ ရာစုပင္လံုမွာပါဝင္တဲ့ ႏုိင္ငံေရးပါတီေပါင္း ၂၃ ခုက ျပဳလုပ္ခဲ့ၾကတာျဖစ္ၿပီး ေဆြးေႏြးပြဲမွာ ျမန္မာ့ၿငိမ္းခ်မ္းေရးျဖစ္စဥ္စတင္ေဆာင္ရြက္ခဲ့တဲ့ ဦးသိန္းစိန္အစိုးရလက္ထက္ကေန ဒီေန႔အထိ ၿငိမ္းခ်မ္းေရးစဥ္ေတြနဲ႔ အရပ္ဖက္လူမႈအဖြဲ႔အစည္းမ်ားဖုိရမ္ကိစၥေတြကို ရွင္းလင္းခဲ့ၾကတာျဖစ္ပါတယ္ တယ္ခင္ဗ်ား။

တိုင်းပြည် အရှေ့ကို ရွေ့နိုင်ဖို့အတွက် ငြိမ်းချမ်းရေးဖြစ်စဉ်တွေကို စိတ်ပျက်လို့မရဘူးလို့ UPDJC နိုင်ငံရေးပါတီအစုအဖွဲ့ကပြောပါတယ်။ ဒီသတင်းကို MCN ရခိုင်ပြည်နယ် သတင်းထောက် မင်းမျိုးနွယ်က ပေးပို့ထားပါတယ်။

လက်ရှိ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ်မှာ စိတ်ပျက်လို့မရကြောင်းနဲ့ နိုင်ငံရေးပြဿနာတွေကို တစ်ယောက်နဲ့တစ်ယောက် နိုင်ငံရေးစားပွဲပေါ်မှာအဖြေရှာပြီး ရှေ့ကိုရွေ့နိုင်ဖို့အတွက် အခက်အခဲရှိရင်လည်း ဆက်သွားရမှာဖြစ်တယ်လို့ UPDJC နိုင်ငံရေးပါတီများအစုအဖွဲ့က ပြောပါတယ်။

နိုဝင်ဘာလ ၂၇ ရက်နေ့က ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ပြုလုပ်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဆိုင်ရာ လုပ်ငန်းစဉ်တွေကို တင်ပြဆွေးနွေးခြင်းနဲ့ ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး စကားဝိုင်းဆွေးနွေးပွဲမှာ ပြောဆိုလိုက်တာပါ။

အင်တာဗျူး – ဦးဦးလှစော (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်) ရခိုင်အမျိုးသားပါတီ (ANP)

ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ပတ်သက်လို့ ပြည်သူတွေရဲ့အကြံပြုချက်တွေ၊ ပြည်သူတွေရဲ့ အသံတွေကို သိရှိလိုတဲ့အတွက် အခုလိုမျိုးဆွေးနွေးပွဲစကားဝိုင်းတွေကို နိုင်ငံရေးပါတီအစုအဖွဲ့ကနေ ပြည်နယ်တွေမှာ ပြုလုပ်ပေးနေတာဖြစ်ပါတယ်။

အင်တာဗျူး – ဦးနိုင်ငံလင်း (အတွင်းရေးမှူး) ပြည်ထောင်စုငြိမ်းချမ်းရေးဆွေနွေးမှု ပူးတွဲကော်မတီ UPDJC

အဲဒီဆွေးနွေးပွဲကို ပြည်ထောင်စုငြိမ်းချမ်းရေးဆွေနွေးမှု ပူးတွဲကော်မတီ UPDJC ရဲ့ နိုင်ငံရေးပါတီများအစုအဖွဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံမှာပါဝင်တဲ့ နိုင်ငံရေးပါတီပေါင်း ၂၃ ခုက ပြုလုပ်ခဲ့ကြတာဖြစ်ပြီး ဆွေးနွေးပွဲမှာ မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်စတင်ဆောင်ရွက်ခဲ့တဲ့ ဦးသိန်းစိန်အစိုးရလက်ထက်ကနေ ဒီနေ့အထိ ငြိမ်းချမ်းရေးစဉ်တွေနဲ့ အရပ်ဖက်လူမှုအဖွဲ့အစည်းများဖိုရမ်ကိစ္စတွေကို ရှင်းလင်းခဲ့ကြတာဖြစ်ပါတယ် တယ်ခင်ဗျား။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)