အာဆီယံ အတြင္းေရးမွဴးခ်ဳပ္႐ုံးနဲ႔ AHA Centre ကိုယ္စားလွယ္ေတြ ေနရပ္စြန္႔ခြာသူေတြ ကူညီေရး ေရာက္ရွိလာ

0
474

အာဆီယံ အတြင္းေရးမွဴးခ်ဳပ္႐ုံးက ကိုယ္စားလွယ္ ေဒါက္တာ စည္သူေဖသိန္းနဲ႔ မစၥ အန္နစ္ဆာ ႏူ႐ူလ္ ဝါဟီဒါ၊ AHA Centre က ကိုယ္စားလွယ္ မစၥတာ အာနယ္ ကာပီလီနဲ႔ မစၥတာ ဂ်န္ဂမ္ အာဒိတယဝါမာတို႔ဟာ ဘဂၤလားေဒ့ရွ္ ဒုကၡသည္စခန္းကေန ေနရပ္ျပန္မယ့္သူေတြ လက္ခံေရးမွာ ကူညီဖို႔ ျမန္မာႏိုင္ငံကို ေရာက္ရွိလာခဲ့ပါတယ္။

စင္ကာပူႏိုင္ငံမွာ က်င္းပခဲ့တံါ (၃၃) ႀကိမ္ေျမာက္ အာဆီယံ ထိပ္သီး အစည္းအေဝးမွာ ေနရပ္ျပန္သူေတြ လက္ခံေရးလုပ္ငန္းမွာ သဘာဝေဘးအႏၱရာယ္ စီမံခန္႔ခြဲမႈအတြင္း လူသားခ်င္းစာနာ ေထာက္ထားမႈဆိုင္ရာ အကူအညီေပးေရး အာဆီယံ ပူးေပါင္းေဆာင္ရြက္မႈ ဌာန (AHA Centre) က လိုအပ္ခ်က္ေတြကို ဆန္းစစ္ေဖာ္ထုတ္ ေဆာင္ရြက္ေပးဖို႔နဲ႔ ျပန္လည္လက္ခံ ေပါင္းစည္းေရး လုပ္ငန္းေတြမွာ ပူးေပါင္းကူညီဖို႔ အတည္ျပဳဆုံးျဖတ္ခဲ့ပါတယ္။ အဲဒီ ဆံုးျဖတ္ခ်က္အရ သူတို႔ဟာ ႏိုဝင္ဘာလ ၂၃ ရက္ေန႔မွာ ျမန္မာႏိုင္ငံကို ေရာက္ရွိလာၾကတာ ျဖစ္ပါတယ္။

အာဆီယံ အတြင္းေရးမွဴးခ်ဳပ္႐ုံးက ကိုယ္စားလွယ္ႏွစ္ဦးဟာ ေဘးအႏၲရာယ္ဆိုင္ရာ စီမံခန္႔ခြဲမႈ ဦးစီးဌာနက တာဝန္ရွိသူေတြနဲ႔အတူ ရခိုင္ျပည္နယ္၊ ေမာင္ေတာၿမိဳ႕ရွိ ျပန္လည္လက္ခံေရး စခန္းေတြကို ႏိုဝင္ဘာ ၂၇ ရက္ကေန ၃ဝ ရက္အထိက ကနဦး သြားေရာက္ ေလ့လာေနပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
အာဆီယံ အတွင်းရေးမှူးချုပ်ရုံးနဲ့ AHA Centre ကိုယ်စားလှယ်တွေ နေရပ်စွန့်ခွာသူတွေ ကူညီရေး ရောက်ရှိလာ

အာဆီယံ အတွင်းရေးမှူးချုပ်ရုံးက ကိုယ်စားလှယ် ဒေါက်တာ စည်သူဖေသိန်းနဲ့ မစ္စ အန်နစ်ဆာ နူရူလ် ဝါဟီဒါ၊ AHA Centre က ကိုယ်စားလှယ် မစ္စတာ အာနယ် ကာပီလီနဲ့ မစ္စတာ ဂျန်ဂမ် အာဒိတယဝါမာတို့ဟာ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းကနေ နေရပ်ပြန်မယ့်သူတွေ လက်ခံရေးမှာ ကူညီဖို့ မြန်မာနိုင်ငံကို ရောက်ရှိလာခဲ့ပါတယ်။

စင်ကာပူနိုင်ငံမှာ ကျင်းပခဲ့တါံ (၃၃) ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေးမှာ နေရပ်ပြန်သူတွေ လက်ခံရေးလုပ်ငန်းမှာ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုအတွင်း လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး အာဆီယံ ပူးပေါင်းဆောင်ရွက်မှု ဌာန (AHA Centre) က လိုအပ်ချက်တွေကို ဆန်းစစ်ဖော်ထုတ် ဆောင်ရွက်ပေးဖို့နဲ့ ပြန်လည်လက်ခံ ပေါင်းစည်းရေး လုပ်ငန်းတွေမှာ ပူးပေါင်းကူညီဖို့ အတည်ပြုဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီ ဆုံးဖြတ်ချက်အရ သူတို့ဟာ နိုဝင်ဘာလ ၂၃ ရက်နေ့မှာ မြန်မာနိုင်ငံကို ရောက်ရှိလာကြတာ ဖြစ်ပါတယ်။

အာဆီယံ အတွင်းရေးမှူးချုပ်ရုံးက ကိုယ်စားလှယ်နှစ်ဦးဟာ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနက တာဝန်ရှိသူတွေနဲ့အတူ ရခိုင်ပြည်နယ်၊ မောင်တောမြို့ရှိ ပြန်လည်လက်ခံရေး စခန်းတွေကို နိုဝင်ဘာ ၂၇ ရက်ကနေ ၃ဝ ရက်အထိက ကနဦး သွားရောက် လေ့လာနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)