ခြ်န္ဘူရီ FC က စည္သူေအာင္ကို ေခၚယူမယ္

0
685

ျမန္မာ့လက္ေရြးစင္နဲ႔ ရတနာပံုအသင္းက ေတာင္ပံကစားသမား စည္သူေအာင္ကို ထိုင္းပရီးမီးယား ကလပ္အသင္း ျဖစ္တဲ့ ခြ်န္ဘူရီ FC က တစ္ႏွစ္ အငွားစာခ်ဳပ္နဲ႔ ေခၚယူလိုက္ပါတယ္။

စည္သူေအာင္ဟာ ႏိုဝင္ဘာ ၂၉ ရက္ေနမွာ ကလပ္အသင္းကို ေရာက္ရွိလာမယ္လို႔ ခြ်န္ဘူရီအသင္းရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။ AFF ဆူဇူကီးဖလား ေဘာလံုးၿပိဳင္ပြဲမွာ သံုးပြဲအတြင္း ျမန္မာအသင္းအတြင္း အသက္ ၂၂ ႏွစ္အရြယ္ရွိ စည္သူေအာင္က ဂိုးေတြ သြင္းယူေပးခဲ့ပါတယ္။

ခြ်န္ဘူရီကလပ္က စည္သူေအာင္ကို လစာအျဖစ္ အေမရိကန္ေဒၚလာ ၆ ေထာင္နဲ႔ ကား၊ အိမ္တို႔နဲ႔ ေလယာဥ္လက္မွတ္ေတြကို ပံ့ပိုးေပးမွာ ျဖစ္ပါတယ္။ စည္သူေအာင္ဟာ ရန္ကုန္ ယူႏိုက္တက္ အသင္းမွာ ေဘာလံုးစတင္ ကစားခဲ့တာျဖစ္ၿပီး ရတနာပံုအသင္းကို ေျပာင္းေရႊ႕ခဲ့တာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ချွန်ဘူရီ FC က စည်သူအောင်ကို ခေါ်ယူမယ်

မြန်မာ့လက်ရွေးစင်နဲ့ ရတနာပုံအသင်းက တောင်ပံကစားသမား စည်သူအောင်ကို ထိုင်းပရီးမီးယား ကလပ်အသင်း ဖြစ်တဲ့ ချွန်ဘူရီ FC က တစ်နှစ် အငှားစာချုပ်နဲ့ ခေါ်ယူလိုက်ပါတယ်။

စည်သူအောင်ဟာ နိုဝင်ဘာ ၂၉ ရက်နေမှာ ကလပ်အသင်းကို ရောက်ရှိလာမယ်လို့ ချွန်ဘူရီအသင်းရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ AFF ဆူဇူကီးဖလား ဘောလုံးပြိုင်ပွဲမှာ သုံးပွဲအတွင်း မြန်မာအသင်းအတွင်း အသက် ၂၂ နှစ်အရွယ်ရှိ စည်သူအောင်က ဂိုးတွေ သွင်းယူပေးခဲ့ပါတယ်။

ချွန်ဘူရီကလပ်က စည်သူအောင်ကို လစာအဖြစ် အမေရိကန်ဒေါ်လာ ၆ ထောင်နဲ့ ကား၊ အိမ်တို့နဲ့ လေယာဉ်လက်မှတ်တွေကို ပံ့ပိုးပေးမှာ ဖြစ်ပါတယ်။ စည်သူအောင်ဟာ ရန်ကုန် ယူနိုက်တက် အသင်းမှာ ဘောလုံးစတင် ကစားခဲ့တာဖြစ်ပြီး ရတနာပုံအသင်းကို ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)