Reuters သတင္းေထာက္ ႏွစ္ဦးကို FPA မီဒီယာဆု ခ်ီးျမႇင့္

0
508

အစိုးရ လွ်ိဳ႕ဝွက္ခ်က္ ဥပေဒနဲ႔ ေထာင္ဒဏ္ ၇ ႏွစ္စီ ခ်မွတ္ခံထားရတဲ့ Reuters သတင္းေထာက္ ႏွစ္ဦးျဖစ္တဲ့ ကိုဝလံုးနဲ႔ ကိုေက်ာ္စိုးဦးတို႔ကို Foreign Press Association (FPA) မီဒီယာဆု ခ်ီးျမွင့္ေၾကာင္း ၿဗိတိန္ႏိုင္ငံ၊ လန္ဒန္ၿမိဳ႕မွာ က်င္းပတဲ့ အခမ္းအနားမွာ ေၾကညာလိုက္ပါတယ္။

FPA မီဒီယာဆုဟာ ကမာၻတစ္လႊားမွာ အဆင့္ျမင့္တဲ့ ဆုျဖစ္ၿပီး ကမာၻ႔ အဓိက ႐ုပ္သံထုတ္လုပ္သူေတြ၊ သတင္းစာေတြ၊ ဒစ္ဂ်စ္တယ္ သတင္းနဲ႔ မဂၢဇင္းေတြက ထူးခြ်န္တဲ့ ဂ်ာနယ္လစ္ေတြကို ေရြးခ်ယ္ ခ်ီးျမင့္တာ ျဖစ္ပါတယ္။
ရခိုင္ျပည္နယ္၊ အင္းဒင္မွာ ျဖစ္ပြားခဲ့တဲ့ ျမန္မာလံုၿခံဳေရး တပ္ဖြဲ႔ေတြက ဖမ္းမိတဲ့ ဘဂၤါလီ ၁၀ ဦးကို အက်ဥ္း႐ံုးစီရင္ သတ္ျဖတ္တဲ့ကိစၥမွာ စံုစမ္းေရးသား ေဖာ္ထုတ္တဲ့အတြက္ ဒီဆုကို ပူးတြဲ ေပးအပ္တာ ျဖစ္ပါတယ္။

အခု ၂၀၁၈ ခုႏွစ္အတြင္းမွာ ကိုဝလံုးနဲ႔ ကိုေက်ာ္စိုးဦးတို႔ဟာ PEN/Barbey Freedom to Write ဆု၊ Osborn Elliot ဆု၊ One World Media ဆု၊ James Foley Medill Medal for Courage in Journalism ဆု၊ IRE က ေပးအပ္တဲ့ Don Bolles Medal ဆုနဲ႔ National Press Club က ခ်ီးျမွင့္တဲ့ Aubuchon Press Freedom ဆုတို႔ကို ရရွိထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

Reuters သတင်းထောက် နှစ်ဦးကို FPA မီဒီယာဆု ချီးမြှင့်

အစိုးရ လျှို့ဝှက်ချက် ဥပဒေနဲ့ ထောင်ဒဏ် ၇ နှစ်စီ ချမှတ်ခံထားရတဲ့ Reuters သတင်းထောက် နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို Foreign Press Association (FPA) မီဒီယာဆု ချီးမြှင့်ကြောင်း ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့မှာ ကျင်းပတဲ့ အခမ်းအနားမှာ ကြေညာလိုက်ပါတယ်။

FPA မီဒီယာဆုဟာ ကမ္ဘာတစ်လွှားမှာ အဆင့်မြင့်တဲ့ ဆုဖြစ်ပြီး ကမ္ဘာ့ အဓိက ရုပ်သံထုတ်လုပ်သူတွေ၊ သတင်းစာတွေ၊ ဒစ်ဂျစ်တယ် သတင်းနဲ့ မဂ္ဂဇင်းတွေက ထူးချွန်တဲ့ ဂျာနယ်လစ်တွေကို ရွေးချယ် ချီးမြင့်တာ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်၊ အင်းဒင်မှာ ဖြစ်ပွားခဲ့တဲ့ မြန်မာလုံခြုံရေး တပ်ဖွဲ့တွေက ဖမ်းမိတဲ့ ဘင်္ဂါလီ ၁၀ ဦးကို အကျဉ်းရုံးစီရင် သတ်ဖြတ်တဲ့ကိစ္စမှာ စုံစမ်းရေးသား ဖော်ထုတ်တဲ့အတွက် ဒီဆုကို ပူးတွဲ ပေးအပ်တာ ဖြစ်ပါတယ်။

အခု ၂၀၁၈ ခုနှစ်အတွင်းမှာ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ဟာ PEN/Barbey Freedom to Write ဆု၊ Osborn Elliot ဆု၊ One World Media ဆု၊ James Foley Medill Medal for Courage in Journalism ဆု၊ IRE က ပေးအပ်တဲ့ Don Bolles Medal ဆုနဲ့ National Press Club က ချီးမြှင့်တဲ့ Aubuchon Press Freedom ဆုတို့ကို ရရှိထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)