ျမန္မာအပါအဝင္ သံုးႏိုင္ငံကို GPE က ပညာေရးအတြက္ ေဒၚလာ သန္း ၂၀၀ ေက်ာ္ ေထာက္ပံ့မယ္

0
586

ပညာေရးဆိုင္ရာ ကမာၻ႔ ပူးေပါင္းေဆာင္ရြက္ေရးအဖြဲ႔ (GPE) က ျမန္မာ၊ အာဖဂန္နစၥတန္နဲ႔ ေတာင္ဆူဒန္ ႏိုင္ငံေတြမွာ ႏွစ္ရွည္ ပညာေရးစီမံကိန္းေတြ လုပ္ေဆာင္ဖို႔ ရန္ပံုေငြ အေမရိကန္ေဒၚလာ သန္း ၂၀၀ ေက်ာ္ ေထာက္ပံ့မွာ ျဖစ္ပါတယ္။

GPE ဟာ ကမာၻတစ္လႊားမွာ ထိခိုက္အလြယ္ဆံုးျဖစ္တဲ့ ကေလးေတြကို ကူညီေနတဲ့အဖြဲ႔ ျဖစ္ပါတယ္။ ပဋိပကၡျဖစ္ပြားရာေဒသမွာ ေနထိုင္ေနတဲ့ ကေလးေတြဟာ ပညာေရးဆံုး႐ံႈးမယ့္ အႏၱရာယ္ရွိေနၿပီး အထူးသျဖင့္ မိန္းကေလးငယ္ေတြဟာ ေက်ာင္းကေန ႏုတ္ထြက္ေနရပါတယ္။ ထိခိုက္လြယ္ၿပီး ပဋိပကၡေတြ ျဖစ္ပြားေနတဲ့ ႏိုင္ငံေတြမွာ ပညာေရးစနစ္ကို ေထာက္ပံ့ကူညီေပးဖို႔ GPE က သူတို႔ရဲ႕ ရန္ပံုေငြ ၆၀ ရာခိုင္ႏႈန္းကို အသံုးျပဳေနပါတယ္။

GPE က ဖြံ႔ၿဖိဳးဆဲႏိုင္ငံနဲ႔ ေဒသ ၄၀ ေက်ာ္မွာ ကေလးေတြရဲ႕ ပညာေရးအတြက္ ေဒၚလာ ၄၃၀ ေထာက္ပံ့ၿပီး ျဖစ္ပါတယ္။ အာဖဂန္နစၥတန္၊ ျမန္မာနဲ႔ ေတာင္ဆူဒန္မွာ ကေလးေတြကို ပညာသင္ၾကားေရးက အဲဒီ ႏိုင္ငံေတြရဲ႕ ကာလရွည္ၾကာ ထူေထာင္ေရး၊ ၿငိမ္းခ်မ္းေရးနဲ႔ တည္ၿငိမ္ေရးေတြေၾကာင့္ အခက္အခဲရွိေနတယ္လို႔ GPE ဘုတ္အဖြဲ႔ ဥကၠ႒ ဂ်ဴလီယာ ဂီးလတ္က ေျပာပါတယ္။

ျမန္မာႏိုင္ငံက ပထမ အမ်ိဳးသား ပညာေရးက႑ အစီအစဥ္အတြက္ ေလးႏွစ္ခြဲကာလမွာ အေမရိကန္ေဒၚလာ ၇၃ ဒသမ ၇ သန္း ရရွိမွာ ျဖစ္ပါတယ္။ ျမန္မာႏိုင္ငံမွာ အသက္ ၅ ႏွစ္ကေန ၁၆ ၾကား ကေလးေတြရဲ႕ ၂၃ ရာခိုင္ႏႈန္းျဖစ္တဲ့ ၂ ဒသမ ၇ သန္းဟာ ေက်ာင္းမေနၾကပါဘူး။

<>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြန်မာအပါအဝင် သုံးနိုင်ငံကို GPE က ပညာရေးအတွက် ဒေါ်လာ သန်း ၂၀ဝ ကျော် ထောက်ပံ့မယ်

ပညာရေးဆိုင်ရာ ကမ္ဘာ့ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (GPE) က မြန်မာ၊ အာဖဂန်နစ္စတန်နဲ့ တောင်ဆူဒန် နိုင်ငံတွေမှာ နှစ်ရှည် ပညာရေးစီမံကိန်းတွေ လုပ်ဆောင်ဖို့ ရန်ပုံငွေ အမေရိကန်ဒေါ်လာ သန်း ၂၀ဝ ကျော် ထောက်ပံ့မှာ ဖြစ်ပါတယ်။

GPE ဟာ ကမ္ဘာတစ်လွှားမှာ ထိခိုက်အလွယ်ဆုံးဖြစ်တဲ့ ကလေးတွေကို ကူညီနေတဲ့အဖွဲ့ ဖြစ်ပါတယ်။ ပဋိပက္ခဖြစ်ပွားရာဒေသမှာ နေထိုင်နေတဲ့ ကလေးတွေဟာ ပညာရေးဆုံးရှုံးမယ့် အန္တရာယ်ရှိနေပြီး အထူးသဖြင့် မိန်းကလေးငယ်တွေဟာ ကျောင်းကနေ နုတ်ထွက်နေရပါတယ်။ ထိခိုက်လွယ်ပြီး ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ နိုင်ငံတွေမှာ ပညာရေးစနစ်ကို ထောက်ပံ့ကူညီပေးဖို့ GPE က သူတို့ရဲ့ ရန်ပုံငွေ ၆၀ ရာခိုင်နှုန်းကို အသုံးပြုနေပါတယ်။

GPE က ဖွံ့ဖြိုးဆဲနိုင်ငံနဲ့ ဒေသ ၄၀ ကျော်မှာ ကလေးတွေရဲ့ ပညာရေးအတွက် ဒေါ်လာ ၄၃၀ ထောက်ပံ့ပြီး ဖြစ်ပါတယ်။ အာဖဂန်နစ္စတန်၊ မြန်မာနဲ့ တောင်ဆူဒန်မှာ ကလေးတွေကို ပညာသင်ကြားရေးက အဲဒီ နိုင်ငံတွေရဲ့ ကာလရှည်ကြာ ထူထောင်ရေး၊ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးတွေကြောင့် အခက်အခဲရှိနေတယ်လို့ GPE ဘုတ်အဖွဲ့ ဥက္ကဋ္ဌ ဂျူလီယာ ဂီးလတ်က ပြောပါတယ်။

မြန်မာနိုင်ငံက ပထမ အမျိုးသား ပညာရေးကဏ္ဍ အစီအစဉ်အတွက် လေးနှစ်ခွဲကာလမှာ အမေရိကန်ဒေါ်လာ ၇၃ ဒသမ ၇ သန်း ရရှိမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အသက် ၅ နှစ်ကနေ ၁၆ ကြား ကလေးတွေရဲ့ ၂၃ ရာခိုင်နှုန်းဖြစ်တဲ့ ၂ ဒသမ ၇ သန်းဟာ ကျောင်းမနေကြပါဘူး။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)