ကေအိုင်အေတပ်ဖွဲ့ဝင်နှစ်ဦး သူတို့ထောင်ခဲ့တဲ့မိုင်းကို ပြန်ရှင်းခိုင်းစဉ် မိုင်းကွဲပြီး သေဆုံး

0
382

တပ်မတော်က ဖမ်းဆီးရမိခဲ့တဲ့ ကေအိုင်အေတပ်ဖွဲ့ဝင်နှစ်ဦးကို သူတို့ထောင်ထားခဲ့တဲ့ မိုင်းတွေကို ပြန်လည်ရှင်းလင်းခိုင်းစဉ်မှာ မိုင်းပေါက်ကွဲခဲ့တာကြောင့် တပ်ဖွဲ့ဝင်နှစ်ဦးစလုံး သေဆုံးခဲ့ပါတယ်။

15232204_964332343673324_4305728779413556341_n

တပ်မတော်က ကချင်ပြည်နယ်၊ ကာမိုင်းမြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်နေစဉ်အတွင်း နိုဝင်ဘာလ ၂၂ ရက်နေ့က ကေအိုင်အေ တပ်ဖွဲ့ဝင်နှစ်ဦးကို ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး စစ်ဆေးမေးမြန်းမှုပြုလုပ်ရာမှာ သူတို့ တိုက်မိုင်း နှစ်လုံးထောင်ထားခဲ့တယ်လို့ ၀န်ခံခဲ့တာဖြစ်ပါတယ်။
အဲဒီတိုက်မိုင်းနှစ်လုံးကို လဘန်ကထောင်ကျေးရွာအနိးမှာ ထောင်ထားခဲ့တာဖြစ်ပြီး သူတို့ကိုယ်တိုင် အဲဒီမိုင်းတွေကို ဖော်ယူပြီး အသက်မဲ့အောင် ပြုလုပ်ပေးမယ်လို့ ပြောဆိုခဲ့တာပါ။

နိုဝင်ဘာလ ၂၇ ရက်နေ့ ညပိုင်းမှာ အဲဒီမိုင်းတွေကို သက်မဲ့ပြုလုပ်စေခဲ့ရာမှာ ကေအိုင်အေတပ်ဖွဲ့ဝင်တစ်ဦးက တိုက်မိုင်းကြိုးကို ထိခိုက်မိပြီး ပေါက်ကွဲခဲ့တာကြောင့် ကေအိုင်အေလက်နက်ကိုင် နှစ်ဦးစလုံး မိုင်းစထိမှန်သေဆုံးခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)