ကိုဖီအာနန် ရခိုင်ကို ဒုတိယအကြိမ် သွားရောက်စစ်ဆေးမယ်

0
326

ရခိုင်ပြည်နယ် အကြံပေးကော်မရှင် ဥက္ကဋ္ဌ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ဟာ မကြာခင်ကာလမှာ ဒုတိယအကြိမ်အဖြစ် ရခိုင်ပြည်နယ်ကို သွားရောက်ဖို့ ရှိနေပါတယ်။

kofiannan

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဟောင်း နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ကိုဖီအာနန်ဟာ ရခိုင်ပြည်နယ်မှာ လတ်တလောဖြစ်ပွားနေတဲ့ ပြဿနာတွေကြောင့် နိုင်ငံတကာက စုံစမ်းစစ်ဆေးပေးဖို့ တောင်းဆိုနေချိန်မှာ ခုလို စီစဉ်လိုက်တာပါ။

ကိုဖီအာနန်အနေနဲ့ ရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို ရောက်ရှိမယ်လို့ မြန်မာနိုင်ငံ အစ္စလာမ်သာသနာရေးအဖွဲ့ ခေါင်းဆောင် ဟာဂျီဦးအေးလွင်က ပြောကြားခဲ့တယ်လို့လည်း Anadolu တူရကီသတင်းဌာနက ဖော်ပြခဲ့ပါတယ်။

ကိုဖီအာနန်ဟာ ပြီးခဲ့တဲ့ သြဂုတ်လအတွင်းမှာ ရခိုင်ပြည်နယ်အကြံပေးကော်မရှင် ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခံရပြီး စက်တင်ဘာလမှာ ရခိုင်ပြည်နယ်ကို ပထမဆုံးအကြိမ် သွားရောက်စစ်ဆေးခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)