ကြိုက်တာယူ ၅၀၀၀ိ/ ဆိုင်ခန်းတွေကို သက်ဆိုင်ရာက စစ်ဆေးမှုတွေစတင်

0
304

ရန်ကုန်တိုင်းဒေသကြီး ပန်းဘဲတန်းမြို့နယ်အတွင်း ရောင်းချနေတဲ့ ကြိုက်တာယူ ၅၀၀၀ိ/ ဆိုင်ခန်းတွေကို သက်ဆိုင်ရာက စစ်ဆေးမှုတွေပြုလုပ်နေပြီဖြစ်ပါတယ်။

15271495_1016395188487495_1167045500_o

နိုဝင်ဘာလ ၂၈ရက် ဒီကနေ့ နေ့လည်ပိုင်းက သက်ဆိုင်ရာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန၊ မြို့တော်စည်ပင်သာယာရေးတာဝန်ရှိသူတွေ လိုက်လံစစ်ဆေးနေတာပါ။

အဲဒီဆိုင်တွေကို တစ်ဖက်နိုင်ငံက စီးပွားရေးလုပ်ငန်းရှင်အချို့က လာရောက်ရောင်းချနေတာဖြစ်ပြီး သတ်မှတ်ချက်ဗီဇာတွေနဲ့ ကိုက်ညီမှုမရှိတဲ့ ဆိုင်တွေကိုလည်း တွေရှိရတယ်လို့ စစ်ဆေးရာမှာ ဦးဆောင်သူဖြစ်တဲ့ ရန်ကုန်ုတိုင်းဒေသကြီး ပန်းဘဲတန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦင်္းက MCN သတင်းဌာနရဲ့ သီးခြားဆက်သွယ်မေးမြန်းချက် အပေါ်မှာပြောကြားပါတယ်။

ဒါ့အပြင်အချို့ ဆိုင်တွေဟာ မြန်မာ အမည်ခံပြီး ရောင်းချနေတဲ့ဆိုင်အချို့ကိုလည်း တွေရတယ်လို့ ဦးသန်းနိုင်ဦင်္းကပြောပါတယ်။ လတ်တလောမှာတော့ သက်ဆိုင်ရာက ပြဌာန်းချက်တွေနဲ့ ကိုက်ညီမှုမရှိတဲ့ ဆိုင်တွေကို သက်ဆိုင်ရာဌာနတွေက ဥပဒေအတိုင်း အရေးယူသွားမှာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)