ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ)က အာမခံပေးလို့ ရတယ်လို့ သူရဦးရွှေမန်း ပြော

0
316

ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)က ဥပဒေနဲ့အညီ အာမခံပေးနိုင်တယ်လို့ သူရဦးရွှေမန်းက ပြောဆိုလိုက်ပါတယ်။ နိုဝင်ဘာလ ၂၈ ရက်နေ့
ဒီကနေ့မှာ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် အဲဒီလိုပြောဆိုလိုက်တာပါ။

14291673_1757095201214067_4631718297676189803_n

လက်ရှိတည်ဆဲဥပဒေအရ တရားရုံးတာဝန်ရှိသူနဲ့ ရဲတို့ ဆင်ခြင်တုံတရားနဲ့ ဥပဒေနဲ့အညီ အာမခံပေးနိုင်တယ်လို့ ပြောဆိုခဲ့တာပါ။ ဒီလိုအာမခံပေးနိုင်တယ်ဆိုတာကို ပညာရှင်တွေက ဆွေးနွေးခဲ့ကြပြီး မှန်ကန်မျှတစွာ ဆောင်ရွက်နိုင်ပါစေလို့လည်း သူရဦးရွှေမန်းက ပြောဆိုထားပါတယ်။

ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ)ကို လိုတစ်မျိုး မလိုတစ်မျိုးဥပဒေမဖြစ်စေရန်အတွက် ပြင်ဆင်ဖို့ သင့် မသင့်ကို သူရဦးရွှေမန်းဦးဆောင်တဲ့ ကော်မရှင်က ပြည်သူ့သဘောထား တောင်းခံခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)