မြန်မာသံရုံးကို ဗုံးခွဲဖို့ကြံစည်တဲ့ စစ်သွေးကြွနှစ်ဦးကို အင်ဒိုနီးရှားရဲတပ်ဖွဲ့ ထပ်မံ ဖမ်းဆီး

0
300

အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့က မြန်မာနိုင်ငံသံရုံးနဲ့ အစိုးရအဆောက်အဦတွေကို ဗုံးခွဲဖို့ ကြံစည်တဲ့ အိုင်အက်စ်အဖွဲ့ကိုထောက်ခံသူ စစ်သွေးကြွနှစ်ဦးကို ဖမ်းဆီးခဲ့တယ်လို့ အင်ဒိုနီးရှားရဲတပ်ဖွဲ့က နိုဝင်ဘာ ၂၇ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

malaysia

အင်ဒိုနီးရှားရဲတပ်ဖွဲ့ဟာ ပြီးခဲ့တဲ့အပတ်အတွင်း မြန်မာသံရုံးနဲ့အစိုးရအဆောက်အဦးတွေကို ဖောက်ခွဲဖို့ ကြံစည်နေသူတစ်ဦးကို ဖမ်းဆီးပြီး စစ်ဆေးရာကနေ ကွင်းဆက်သံသယရှိသူတွေကို ခုလို ထပ်မံ ဖမ်းဆီးခဲ့တာပါ။

ပြီးခဲ့တဲ့ အပတ်အတွင်း ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တဲ့ ပုဂ္ဂိုလ်ဟာ အနောက်ဂျာဗားက သူ့နေအိမ်မှာ ဖမ်းဆီးခံရတာဖြစ်ပြီး သူနဲ့အတူ သိမ်းဆည်းရမိတဲ့ ဖောက်ခွဲရေးလက်နက်တွေဟာ ၂၀၀၂ ခုနှစ်တုန်းက ဖြစ်ပွားတဲ့ ဘာလီတိုက်ခိုက်မှုအတွင်း လူပေါင်း ၂၀၀ ကျော်သေဆုံးခဲ့တဲ့ လက်နက်တွေထက် နှစ်ဆနီးပါ ပိုပြင်းတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

အဲဒီပုဂ္ဂိုလ်ပြီး နောက်ထပ်ဖမ်းဆီးခံရတဲ့သူနှစ်ဦးကတော့ အာချေးပြည်နယ်က ဘာရိန်းအာဂမ်နဲ့ ဘန်တန်ပြည်နယ်က ဆိုင်ဖူဘာရီတို့ ဖြစ်ကြပါတယ်။ သူတို့နှစ်ဦးကို နိုဝင်ဘာ ၂၆ ရက်နဲ့ ၂၇ ရက်နေ့တွေမှာ ဖမ်းဆီးခဲ့တာပါ။ လက်ရှိမှာ ဖမ်းဆီးထားသူ သုံးဦးစလုံးဟာ အိုင်အက်စ်အစွှန်းရောက်အဖွဲ့ကို သစ္စာခံထားသူတွေဖြစ်တယ်လို့လည်း ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဘွိုင်ရာဖလီအာမာက ပြောကြားခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)