မန္တလေးနဲ့ပုဂံ ညောင်ဦး ရေလမ်းကြောင်း သောင်တူးလုပ်ငန်း စတင်မည်

0
388

မန္တလေးနဲ့ ပုဂံညောင်ဦး ရေလမ်းကြောင်းကောင်းမွန်ဖို့ သောင်တူးလုပ်ငန်းကို ဒီဇင်ဘာလမှာစတင်အကောင် အထည်ဖော် ဆောင်ရွက်
တော့မှာ ဖြစ်ပါတယ်။

15209224_1016282115165469_933931432_n

အဲဒီရေလမ်းကြောင်းဟာ နိုင်ငံခြားခရီးသွား ပို့ဆောင်ရေး ရေယာဉ်တွေ သွားလာခုတ်မောင်းနေတဲ့ အခုလို ဆောင်ရွက်တာဖြစ်တယ်လို့ ရေအရင်းအမြစ် နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (ရုံးချုပ်)မှ ညွန်ကြားရေးမှုးဦးအောင်မျိုးခိုင်ကပြောပါတယ်။ အဲဒီလုပ်ငန်းနဲ့ပတ်သက်ပြီး တိုင်းတာမှုတွေကို ကမ္ဘာ့ဘဏ်ချေးငွေနဲ့ဆောင်ရွက်တာဖြစ်ပြီး အောက်တိုဘာလမှ စတင်ကာနိုဝင်ဘာ၂၅ ရက်နေ့မှာ အပြီးတိုင်းတာခဲ့တာဖြစ်ပါတယ်။

ယခုဖော်ဆောင်နေတဲ့ လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး ကမ္ဘာ့ဘဏ်က လုပ်ငန်းလိုအပ်သလောက် ကုန်ကျငွေကိုထုတ်ချေးခွင့် ပြုမှာဖြစ်ပြီး ညောင်ဦး ရေလမ်းပိုင်းမှာ ခန့်မှန်းအကျယ်မီတာ ၇၀၊ မန္တလေးရေလမ်း ခန့်မှန်းအကျယ်မီတာ ၄၀၀ ကျော်အနက်မှာ ရေစစ်မျဉ်းအောက် နှစ်မီတာတူးဖော်မှာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)