နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒ်ါအောင်ဆန်းစုကြည် နိုဝင်ဘာ ၃၀ ရက်နေ့ စင်ကာပူ သွားမယ်

0
295

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် နိုဝင်ဘာ ၃၀ ရက်နေ့မှာ စင်ကာပူနိုင်ငံကို ချစ်ကြည်ရေးအလည်အပတ်ခရီးစဉ်အဖြစ် သွားရောက်ဖို့ရှိနေပါတယ်။

singapore

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဲဒီခရီးစဉ်ဟာ သုံးရက်တာကြာမြင့်ပြီး ဒီဇင်ဘာလ ၂ ရက်နေ့မှာ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံနဲ့ စင်္ကာပူနိုင်ငံဟာ သံတမန်ဆက်ဆံရေးထူထောင်တာ ဒီနှစ်မှာ နှစ် ၅၀ ပြည့်မြောက်ခဲ့ပြီဖြစ်ပြီး စင်္ကာပူဝန်ကြီးချုပ် လီရှန်လွန်းက မြန်မာနိုင်ငံကို ပြီးခဲ့တဲ့ ဇွန်လမှာ လာရောက်လည်ပတ်စဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ကြားခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် နှစ်နိုင်ငံကြား ဗီဇာမလိုဘဲ ရက် ၃၀ ကြာနေထိုင်နိုင်မယ့် သဘောတူစာချုပ်ကိုလည်း လက်မှတ်ရေးထိုးခဲ့ပါတယ်။ အဲဒီသဘောတူညီမှု အစီအစဉ်ဟာ ဒီဇင်ဘာလ ၁ ရက်နေ့မှာ စတင်အသက်ဝင်တော့မှာပဲ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)