မြိတ်မြို့မှာ ငွေကျပ် သိန်း ၉၀ တန်ဖိုးရှိ စိတ်ကြွဆေးပြားတွေ ဖမ်းဆီးရမိ

0
245

မြိတ်မြို့ ဈေးတန်းရပ်ကွက်မှာ တန်ဖိုးငွေကျပ် သိန်း ၉၀ တန်ဖိုးရှိတဲ့ စိတ်ကြွဆေးပြားတွေ ဖမ်းဆီးရမိခဲ့ပါတယ်။

15253380_1092359934217165_1469898661303983207_n

ဈေးတန်းရပ်ကွက်၊ ပုလဲသွယ် ၁ လမ်း မှာနေထိုင်တဲ့ ဇော်မင်း(ခ)ရှင်ငယ် ရဲ့ နေအိမ်ကို ရဲတပ်ဖွဲ့ဝင်တွေက ၀င်ရောက်ရှာဖွေချိန်မှာ ဇော်မင်း(ခ)ရှင်ငယ်က အထုပ်တစ်ထုပ်ကို အိပ်ယာခေါင်းရင်း ပြတင်းပေါက်က ပစ်ချလိုက်တာကို တွေ့ရှိခဲ့တာကြောင့် အဲဒီအထုပ်ကို စစ်ဆေးရာမှာ အပြာရောင်ကပ်ခွာပလတ်စတစ်နဲ့ ထည့်ထားတဲ့ စိတ်ကြွ ဆေးပြား ၂၀၀ ထည့်ထားတဲ့ ရှစ်ထုပ် စုစုပေါင်း ၁၆၀၀ ပြားကို ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် အိပ်ရာခေါင်းရင်းဖျာအောက်မှာ အပြာရောင် ကပ်ခွာအိတ်နဲ့ ထည့်ထားတဲ့ စိတ်ကြွဆေးပြား ၁၈၀၀ ပြားကိုလည်း ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။ ဒီလိုဖမ်းဆီးရာမှာ မူးယစ်ဆေးဝါးရောင်းဝယ်ရာမှာ အသုံးပြုတဲ့ လိုင်စင်မဲ့ ဆိုင်ကယ်တစ်စီးကိုလည်း ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)