ဖဒိုမြို့မှာ ဈးသစ်ကြီးစီမံကိန်းကြောင့် နှစ် ၂၀ ကျော် နေလာခဲ့သူတွေ အဓမ္မ နေရာရွှေ့ခိုင်းခံရ

0
364

ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ဖဒိုမြို့မှာ နှစ်ပေါင်း ၂၀ ကျော် အခြေချနေထိုင်လာတဲ့ သူတွေကို ဈေးသစ်ကြီးတည်ဆောက်ဖို့ အတင်းအဓမ္မဖိအားပေးပြီး နေရာဖယ်ရှားခိုင်းနေတယ်လို့ ဒေသခံတွေက ပြောကြားလိုက်ပါတယ်။

screenshot_2016-11-28-11-19-39

ဖယ်ရှားခိုင်းခံနေရတဲ့ အိမ်ထောင်စုအရေအတွက် ၄၀ ကျော်ရှိပြီး လူဦးရေနဲ့ဆို ၁၅၀ ကျော်ရှိတယ်လို့ အတင်းအဓမ္မဖယ်ရှားခိုင်းမှုနဲ့ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

screenshot_2016-11-28-11-18-14

အဲဒီအိမ်ထောင်စုတွေဟာ ၁၉၉၆ ခုနှစ်ကတည်းက ကျေးရွာပိုင်မြေပေါ်မှာ ကန်ထရိုက်တစ်ယောက်က ဈေးတည်ဆောက်ပေးမယ်ဆိုပြီး လုပ်ဆောင်ခဲ့ပြီး ဈေးတည်ဆောက်ဖို့ မအောင်မြင်ခဲ့တာကြောင့် အဲဒီနေရာမှာ လစာစနစ်နဲ့ တစ်လ ၅၀၀၀ ပေးပြီး နေထိုင်လာကြတာပါ။

“လူမနေတဲ့အခန်းတွေဖျက်တာကလက်ခံပါတယ်။ ဒီလောက်များတဲ့ အိမ်ထောင်စုတွေကို ချက်ချင်းဖယ်ပေးရမယ်ဆိုတော့ အဆင်မပြေဘူး။ လောလောဆယ် ဒီမှာနေတဲ့လူတွေက လက်လုပ်လက်စားတွေပါ။ ပူဖောင်းရောင်း၊ အမှိုက်ကောက်၊ ကန်စွန်းရွက်ရောင်းနေစားလိုက်ပြီး မိသားစုဝင်တွေရဲ့ ကျန်းမာရေး ပညာရေး လူမူရေးကိစ္စရပ်တွေကိုဖြေရှင်းနေရတာပါ။ ဈေးသစ်ကြီးတည်ဆောက်မယ်ဆိုတာကိုလက်ခံပါတယ်။ ဝမ်းလည်းသာပါတယ် ဒါပေမဲ့ယခုလိုဇွတ်အတင်းလုပ်တာကိုကတော့ကန့်ကွက်တယ်။ သက်ကြီးရွှယ်အို ကျောင်းသား ကျောင်းသူတွေလည်း ရှိနေသေးတယ်လေ”လို့ ဈေးသစ်စီမံကိန်းကြောင့် အဓမ္မဖယ်ရှားခိုင်းခံနေရတဲ့ ဒေသခံပြည်သူတွေထဲက တစ်ဦးဖြစ်တဲ့ ဦးထိန်လင်းက ပြောပါတယ်။

အဲဒီ ဆိုင်ခန်းဟောင်းများတွေ ကန်ထရိုက်ဆိုသူက ငှားရမ်းပြီး စည်ပင်ဌာနကို လစာပေးသွင်းတာမျိုးမရှိသလို မြေနေရာအဆောက်အဦးအတွက်လည်း အခွန်အခ ပေးသွင်းတာမျိုးမရှိကြောင်းနဲ့ မြေနေရာဟာ စည်ပင်သာယာရဲ့ အုပ်ချုပ်မှုအောက်မှာသာ ရှိနေတာ ဖြစ်ပါတယ်။ ကန်ထရိုက်က အဆောက်အဦးတွေ အန္တရာယ်ရှိလာနိုင်တယ်လို့ တင်ပြခဲ့တာကြောင့် ဖျက်သိမ်းခွင့်ပြုခဲ့တာလို့လည်း မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးမြင့်သန်းက ပြောကြားပါတယ်။

မင်းမနိုင်(စစ်တောင်း)

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)