တတိယအကြိမ် အနဂ္ဃရောင်စဉ် မသန်စွမ်းသူများ အနုပညာပွဲတော် ဒီဇင်ဘာ ၈ ရက်နေ့မှာ ကျင်းပမယ်

0
318

တတိယအကြိမ်မြောက် အနဂ္ဃရောင်စဉ် မြန်မာနိုင်ငံ မသန်စွမ်းသူများ အနုပညာပွဲတော်ကြီးကို လာမယ့် ဒီဇင်ဘာလ ၈ ရက်နေ့ ညနေ ၅ နာရီမှာ ရန်ကုန်မြို့၊ မင်းဓမ္မလမ်းက MCC ခန်းမမှာ ကျင်းပသွားဖို့ ရှိနေပါတယ်။

disablesocietyart

အခုနှစ်ကျင်းပမယ့်ပွဲတော် မသန်စွမ်းအနုပညာရှင် ၁၀၀ ခန့် ပါဝင်ဆင်နွှဲကြမှာဖြစ်ပြီး အဆိုတော် ဇော်ဝင်းထွဋ်က ပွဲတော်ကြီးရဲ့သံတမန်အဖြစ် မေတ္တာနဲ့ပါဝင်ကူညီပေးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဗြိတိန်နိုင်ငံက STOPGAP မသန်စွမ်းဝှီးချဲလ်အကအဖွဲ့ကလည်း ဧည့်သည်တော်အနေနဲ့ ပါဝင်ဖျော်ဖြေသွားမှာပါ။

အဲဒီပွဲတော်ကို မြန်မာနိုင်ငံမသန်စွမ်းသူများရှေ့ဆောင်အဖွဲ့ (MILI)က ဦးဆောင် စီစဉ်တာဖြစ်ပြီး ဗြိတိသျှကောင်စီ၊ အေးရှားဝေါလ်ဖောင်ဒေးရှင်း၊ Gender Equality Network၊ FHI360၊ USAID၊ FM Bagan၊ Bagan Entertainment၊ တင်မိုးလွင် ဖောင်ဒေးရှင်းနဲ့ Handicap International(Myanmar)အဖွဲ့တွေက ပူးပေါင်းပံ့ပိုးပေးထားကြတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)